
နေပြည်တော် ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး အောင်လံ မြို့ အရှေ့ဘက်စစ်ဆေးရေးဂိတ် တွင် ယနေ့ နံနက် ၇ နာရီက လမ်း သွားလမ်းလာ ကားများကို တားဆီးစစ်ဆေးပြီး လူငယ်များ ကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း ကောလာဟလ သတင်းအမှားများ ကို တရားမဝင်ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန်လုပ်ကြံ ရေးသားပြီး ပြည်သူများ ကြောက်ရွံ့ ထိတ်လန့်စေရန် လူမှုကွန်ရက်ပေါ် တွင် ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိ ရသည်။
အဆိုပါ ကောလာဟလ သတင်းသည် ရပ်ရွာအေးချမ်း သာယာရေးကို မလိုလားသူများ နှင့် အကြမ်းဖက်အားပေးမီဒီယာ များက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားခြင်းဖြစ်ပြီး ၎င်းမြို့အဝင် အထွက် စစ်ဆေးရေးဂိတ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်စစ်ဆေးမှုများ ပြုလုပ်နေ ခြင်းသာရှိပြီး တရားမဝင် ပြည် ဖျက်မီဒီယာများတွင် ရေးသား ဖော်ပြနေသည့် လူငယ်များကို ဖမ်းဆီးထားသည်ဆိုသည့် သတင်း များမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ပြည်သူများအကြား အထင် အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ် ဖြစ်ရပ်များအပေါ် အခြေခံ ရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် သတင်း အဆိပ်ခတ် ရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်