အောင်ဆန်းအားကစားပြိုင်ဝင်းကြီးသည် အမည်အရသော်လည်းကောင်း၊ အစဉ်အလာအရသော်လည်းကောင်း၊ သက်တမ်းအားဖြင့် သော်လည်းကောင်းသမိုင်းရှိသည့်အားကစားကွင်းကြီးဖြစ်သကဲ့သို့ မြန်မာ့အားကစားအောင်မြင်မှု စတင်ခဲ့သည့် နေရာတစ်ခုလည်းဖြစ်

 

အစဉ်အလာကောင်းများကို  ထိန်းသိမ်းပြီး  နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ဆောင်ရွက်၍
နောင်တွင် အိုလံပစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ ရည်ရွယ်တည်ဆောက်ရန်လို

 

နေပြည်တော်    ဇူလိုင်    ၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်သည်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးသောင်းဟန်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့်  တာဝန် ရှိသူများ   လိုက်ပါ၍   ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့် မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။  

 


ရှင်းလင်းတင်ပြ


ဦးစွာ  အစည်းအဝေးခန်းမတွင် ပြည်ထောင်စု ဝန်ကြီးများ၊  ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး     ညွှန်ကြား ရေးမှူး   ဗိုလ်ချုပ်  မျိုးသန့်နှင့်  တာဝန်ရှိသူများက အားကစားဝင်းဆိုင်ရာ    အချက်အလက်များနှင့် သမိုင်းအကျဉ်း၊   ၂၀၂၁  ခုနှစ်အတွင်း  နိုင်ငံတော် ဝန်ကြီးချုပ်   လာရောက်စစ်ဆေးစဉ်  လမ်းညွှန် မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ အားကစားကွင်း       အဆင့်မြှင့်တင်ရေးအတွက် ကော်မတီများ         ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ အားကစားကွင်း အဆင့်မြှင့်တင်ရာတွင် အားကစား ပရိသတ်များ   အားကစားကွင်းအတွင်း  ဝင်၊ ထွက် သွားလာမှု အဆင်ပြေစေရန်အတွက် Under Pass နှင့် Over Pass များ လျာထားဆောင်ရွက်ထားရှိမှု၊ ပရိသတ်   ၃၀၀၀  ဆံ့   မိုးလုံလေလုံ  အားကစားရုံ တည်ဆောက်ရန် လျာထားမှုအခြေအနေ၊  လျာထား အားကစားဝင်းပုံစံများကို powerpoint presen-tation များ၊ အထူးပြုလုပ်ချက် Video Clip များဖြင့် ရှင်းလင်းတင်ပြကြသည်။

 


ပေါင်းစပ်ညှိနှိုင်း တိုင်ပင်ဆောင်ရွက်


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အောင်ဆန်းအားကစားပြိုင်ဝင်းကြီးသည် အမည်အရ သော်လည်းကောင်း၊ အစဉ်အလာအရသော်လည်း ကောင်း၊  သက်တမ်းအားဖြင့် သော်လည်းကောင်း သမိုင်းရှိသည့်   အားကစားကွင်းကြီးဖြစ်သကဲ့သို့ မြန်မာ့အားကစားအောင်မြင်မှု စတင်ခဲ့သည့် နေရာ တစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့်  ရှိပြီး  အစဉ် အလာကောင်းများကို  ထိန်းသိမ်းပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင်ဆောင်ရွက်၍ နောင်တွင် အိုလံပစ်အားကစားပြိုင်ပွဲများ  လက်ခံကျင်းပနိုင် သည်အထိ ရည်ရွယ်တည်ဆောက်ရန်လိုကြောင်း၊ အဓိက အားကစားကွင်းကြီးအတွင်း အားကစားနည်း ၈ မျိုးကို နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်ကျင်းပပေး နိုင်ရေး  စနစ်တကျထည့်သွင်းတည်ဆောက်ရမည် ဖြစ်ကြောင်း၊ ယာဉ်ရပ်နားရန်နေရာများနှင့် Public Area များ စနစ်တကျ ဖော်ဆောင်ပေးနိုင်ရန်လည်း တွက်ချက်စဉ်းစား      ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်မှုများမရှိစေရေးနှင့်      ရေရှည်တည်တံ့မှု ရှိစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ကြီး ဌာနအသီးသီး၊     တိုင်းဒေသကြီး  အစိုးရအဖွဲ့နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့  ပေါင်းစပ် ညှိနှိုင်း တိုင်ပင်ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

 


လိုအပ်သည်များမှာကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အားကစားကွင်း ပုံစံငယ်ပြုလုပ်ထားရှိမှုကို ကြည့်ရှုပြီး တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

 


ကြည့်ရှုစစ်ဆေး


ဆက်လက်ပြီး       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အောင်ဆန်းအားကစားဝင်းအား မော်တော် ယာဉ်များဖြင့်  လှည့်လည်ကြည့်ရှုစစ်ဆေး၍  မိုးလုံ လေလုံ အားကစားရုံကို ကြည့်ရှုစစ်ဆေးသည်။

 


နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်


အဆိုပါ အောင်ဆန်းအားကစားဝင်းအား ၁၉၀၆ ခုနှစ်တွင်  စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး  မူလ အမည်မှာ BAA (Burma Athletic Association Ground) ဖြစ် ကြောင်း၊  လူစည်ကားသော ပြည်တွင်း အားကစားပြိုင်ပွဲများနှင့်    နိုင်ငံတကာဆိုင်ရာ အားကစားပြိုင်ပွဲများအပြင်       အထူးတလည်  အမှတ်တရဖြစ်စေသော  ပြပွဲဖြစ်သည့်  ရေခဲပေါ်မှ အားလပ်ရက်နေ့(Holiday on Ice) ခေါ် ရေခဲပြင် ပြပွဲကြီး  ကျင်းပပြုလုပ်ခဲ့ကြောင်း၊   ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ  ၁၇  ရက်တွင်  မူလအမည် BAA (Burma Athletic Association Ground) အမည်မှ အောင်ဆန်းအားကစားပြိုင်ဝင်းအဖြစ်   ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊   သမိုင်းအစဉ်အလာ ရှိသည့် အားကစားကွင်းကြီးဖြစ်သည့်အတွက် ယခင် ကကဲ့သို့ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများကို အဆင့် အတန်းမီစွာဖြင့်     လက်ခံကျင်းပပြုလုပ်နိုင်ရေး အတွက် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ကွင်း ကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးပါက   အဓိကအားကစားကွင်း ကြီးတွင် ပရိသတ်ဦးရေ ၃ သောင်းကျော်ခန့်အထိ  နှင့်   မိုးလုံလေလုံအားကစားရုံမှာလည်း ပရိသတ် ၃၀၀၀    ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း  သတင်းရရှိသည်။                                              

သတင်းစဉ်