အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည်ကာလအလွန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လျက်ရှိ

 စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် 
ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံပေးသွားရန်လို

 

နေပြည်တော်   စက်တင်ဘာ    ၃၀

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာန၊    အလယ်တန်း၊   အထက်တန်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက် မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊    ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း    တက်ရောက် အမှာစကားပြောကြားသည်။      

                                                                                                                       
အစည်းအဝေးသို့     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊   ဒုတိယဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံး    (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့်   ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video  Conferencing ဖြင့် တက်ရောက်ကြ သည်။  

 

 

    
ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီ ဖွင့်လှစ်မည့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း  ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များ၊  ကာကွယ်ဆေး အား ရရှိသည့်ဆေးအရေအတွက်များအလိုက် ထိုးနှံ ပေးနိုင်မည့်  အခြေအနေများနှင့် မြန်မြန်ဆန်ဆန် ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်   လိုအပ်သည့်အချက်များ ဆွေးနွေးနိုင်ရန်   ယခုအစည်းအဝေး   ကျင်းပခြင်း ဖြစ်ကြောင်း၊  ကိုဗစ်-၁၉   တတိယလှိုင်းကာလ အတွင်း  ယမန်နေ့  ကမ္ဘာတစ်ဝန်း ထပ်မံကူးစက်မှု အနေဖြင့် လေးသိန်းကျော်ရှိခဲ့ပြီး သေဆုံးမှု ၈၈၀၀ ခန့် ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ လက်ရှိကာလအထိ တစ်ကမ္ဘာ လုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု စက်တင်ဘာ ၃၀ ရက်အထိ ၂၃၄ သန်းကျော်ရှိပြီး ၄ ဒသမ ၇ သန်း ကျော် သေဆုံးခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မြန်မာ နိုင်ငံတွင် ယမန်နေ့အထိ စာရင်းများအရ ပိုးကူးစက် ပြန့်ပွားမှုအနေဖြင့်  ၈  ဒသမ ၃  ရာခိုင်နှုန်းအထိ ကူးစက်မှုရှိနေသေးကြောင်း၊   ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရည်မှန်း ချက်နှင့် နိုင်ငံတကာစံနှုန်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတ်မှတ်ချက်များအရ ရောဂါကူးစက်မှုနှုန်း ငါးရာခိုင်နှုန်းအောက်မှ လုံးဝကူးစက်မှုမရှိတော့သည့် အထိ   ကျဆင်းရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအကုန်တွင် မြန်မာနိုင်ငံအတွင်းရှိ   အသက်  ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီး ဖြစ်အောင် ရည်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိ ကြောင်း။


 မိမိတို့  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကလည်း   ချမှတ်ထား သည့် ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များနှင့်     ပေါင်းစပ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို     အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ ဥက္ကဋ္ဌက  မူလတန်း၊   အလယ်တန်းနှင့်  အထက်တန်း ကျောင်းသား  ကျောင်းသူများ၏  ပညာသင်ယူခွင့် တစ်နှစ် ဆုံးရှုံးမှုမရှိစေရေးအတွက် စာသင်ကျောင်း များကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာ နှင့် ဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံကိုပါ ကူးစက်မှုများပြား လာသည့်အတွက် စာသင်ကျောင်းများကို ပြန်လည်၍ ယာယီပိတ်ခဲ့ရပါကြောင်း၊ ယခုအခါ ရောဂါပိုးကူးစက် ပြန့်ပွားမှုနှုန်းသည် ယခင်ကလောက် မပြင်းထန် တော့ဘဲ ပိုးကူးစက်မှုရာခိုင်နှုန်းသည် နေ့စဉ် စစ်ဆေး သည့် ပမာဏ၏ ၈ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည့်အတွက် ကျောင်းသား ကျောင်းသူ များ၏  စာသင်နှစ်  တစ်နှစ်  နစ်နာမှုမရှိစေရေး အမြန်ဆုံး   ကျောင်းပြန်လည်   တက်ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား  ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရစေရန်နှင့် ကျန်းကျန်းမာမာဖြင့်     စာပေသင်ကြားနိုင်ရန် ရည်ရွယ်၍ အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင်      ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊       ထိုသို့ စာသင်ကျောင်းများ      ပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား  ကျောင်းသူများအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံပေးသွားရန် လိုကြောင်း၊  ကာကွယ်ဆေး   ထိုးနှံပြီးစီးမှသာလျှင် ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဆရာ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း။

 


ပူပန်စိုးရိမ်မှုမရှိဘဲ ထိုးနှံနိုင်မည်

 


ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ အမြန်ဆုံး ပြီးမြောက်အောင်မြင်ရေးနှင့်    စာရင်းဇယားများ မှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ဆွေးနွေးပေးသွားရန်လိုအပ် ကြောင်း၊  ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ပြီးဆုံးမည့် ကာလကို   တိတိကျကျ   သတ်မှတ်၍မရကြောင်း၊   ၎င်းအပြင် ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ လည်း ခြောက်လတစ်ကြိမ် ထပ်မံထိုးနှံရန်လိုအပ်သည် ဟု  အကြံပြုချက်များလည်း  ရှိနေပါကြောင်း၊ သို့ဖြစ် ၍ နိုင်ငံတော်အစိုးအရအဖွဲ့အနေဖြင့်   ကာကွယ်ဆေး   စဉ်ဆက်မပြတ်ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ရရှိနေ စေရေးအတွက် မိမိနိုင်ငံတွင် ကာကွယ်ဆေးအား  Ready  to  Fill စနစ်ဖြင့် ထုတ်လုပ်နိုင်အောင် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မကုန်မီ ထုတ်လုပ်နိုင် ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှုအား  ခြောက်လတစ်ကြိမ် ပူပန်စိုးရိမ်မှုမရှိဘဲ ထိုးနှံနိုင်မည်ဖြစ်ပြီး ကူးစက်မှုကို လည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်သွားနိုင် မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်မှုများ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ    ကြက်ခြေနီအဖွဲ့များ၊    မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများ၊   အမျိုးသမီးရေးရာ အဖွဲ့များ စသည့်တို့မှလည်း ပါဝင်ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး    စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင်    မြို့နယ်များအလိုက်  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ   ဖွဲ့စည်းပေးမည့်  အဖွဲ့များ အပြင် ကျောင်းဆရာ ဆရာမများ ပူးပေါင်း၍ ဆောင်ရွက်ပါက သွက်လက်မြန်ဆန်စွာဖြင့် အောင်မြင် စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ   တိုင်းဒေသကြီးနှင့်  ပြည်နယ်များအလိုက် အစိုးရအဖွဲ့ အသီးသီးကလည်း လိုအပ်သည်များကို  ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ပူးပေါင်းချိတ်ဆက်၍   လျင်မြန်စွာ ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း များကို  မြန်မြန်ဆန်ဆန်၊ လုံလုံခြုံခြုံပြီးမြောက်စေရေး နှင့် စနစ်တကျ စာရင်းဇယား ပြုစုနိုင်ရေးတို့အတွက်   ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။


ဖြည့်စွက်ဆွေးနွေး


ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက   ကာကွယ်ဆေးထိုးနှံရာတွင်  ကူညီ ဆောင်ရွက်ပေးမည့်   စီမံချက်ကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တစ်နိုင်ငံလုံး ရှိ အလယ်တန်း၊   အထက်တန်း  ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက် မှုကိုလည်းကောင်း၊      ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက Sinovac ကာကွယ်ဆေး ထိုးနှံ ပေးမည့် စီမံချက်ကိုလည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။


ထို့နောက်      တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအတွင်းရှိ ကျောင်းအပ်နှံခဲ့သည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူအင်အားနှင့် တက်ရောက်ခဲ့ သည့် အင်အားများကို အသီးသီး ရှင်းလင်းတင်ပြကြ သည်။ 


ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ်က ပညာရေးဝန်ကြီးဌာနရှိ စာရင်းဇယားအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်း ဇယားများ ကိုက်ညှိဆောင်ရွက်၍ ကျောင်းမဖွင့်လှစ်မီ ကာလအတွင်း     ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်သွားရန်   လိုအပ်ကြောင်း၊  သို့မှသာ‌ ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ်တွင် ကျောင်းသား ကျောင်းသူများအား            

 


ကူးစက်ပြန့်ပွားမှု ထိန်းချုပ်တားဆီးနိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ရန်        လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်များအလိုက်လည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်         မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းရေးသွင်းရာ တွင် အခက်အခဲနှင့် မှားယွင်းမှုမရှိစေရေး သက်ဆိုင်ရာ ဌာနများအလိုက်     ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင်   လိုက်နာရမည့် အချက်များအား  မိဘများပါ သိရှိစေရန်အတွက် ကြိုတင်လှုံ့ဆော်ခြင်း၊ ဆေးထိုးသည့်နေရာများတွင် အသိပေးချက်များ ဖော်ပြခြင်းတို့ကို လုပ်ဆောင် သွားရန်လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားသည်။


ပြုစုတင်ပြ


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ     ဒုတိယဥက္ကဋ္ဌ၊   ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့်       တိုင်းဒေသကြီးများအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ ရှိရင်းအင်အား၊ ကျောင်းအပ်နှံသည့်အင်အားနှင့် ကျောင်းတက်ရောက် ခဲ့သည့် စာရင်းဇယားများကို ပညာရေးဝန်ကြီးဌာနနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေး၍  နောက်ဆုံးအချက် အလက်များကိုစိစစ်၍   ပြုစုတင်ပြရန်လိုကြောင်း၊ စာရင်းဇယားများပြုစုရာတွင်   တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းချုပ်သာမကဘဲ မြို့နယ် များအတွင်းရှိ  အခြေခံပညာကျောင်းများ၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ စသည့် ကျောင်းများအလိုက် စာရင်းများခွဲခြား၍ တင်ပြရန်လိုကြောင်း၊   ကာကွယ်ဆေးထိုးလုပ်ငန်း များ ဆောင်ရွက်နေသည့်ကာလအတွင်း လုံခြုံရေးနှင့် ပတ်သက်၍  တပ်မတော်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပေါင်းစပ်ပြီး  စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ရန်လို ကြောင်း၊ ကာကွယ်ဆေးထိုးစင်တာများကို မြို့နယ် များအလိုက်ခွဲခြား၍ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ အလွယ်တကူ လာရောက်နိုင်သည့် ဆုံချက် ဗဟိုနေရာများတွင် ရွေးချယ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ကာကွယ်ဆေးထိုးနှံပေးမည့် စီမံချက်များ အား ထိရောက်စွာပြုစု၍ ပြန်လည်တင်ပြသွားရန် လိုအပ်ကြောင်း၊ ယခု ကျောင်းသား၊ ကျောင်းသူများ အား ကာကွယ်ဆေးထိုးနှံပေးမှုကို တိကျစွာပြုစု၍ မှတ်တမ်းရေးသွင်းထားရန်       လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍    ဆေးထိုးနှံ ပြီးစီးမှု၊  ကာကွယ်ဆေးကျန်ရှိမှု၊ ဆက်လက်ထိုးနှံ မှုစသည်တို့ကို ကြည့်ရှုသုံးသပ်၍ ဆေးလက်ကျန် မရှိစေဘဲ အလေအလွင့်မရှိအောင်စီမံ၍ ကာကွယ် ဆေးထိုးနှံခြင်းကို ပြီးစီးအောင်မြင်အောင် ဝိုင်းဝန်း ဆောင်ရွက်သွားရန်  လိုအပ်ကြောင်း ပြောကြားသည်။


ကိုဗစ်-၁၉     ကပ်ရောဂါ    တတိယလှိုင်း ဒယ်လ်တာပိုး ကူးစက်ပြန့်ပွားမှုတွင် နိုင်ငံအချို့ရှိ ကလေးသူငယ်အချို့ကို ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့်     ကလေးသူငယ်များအား ဘေးထွက်ဆိုးကျိုးနည်းပါးစွာဖြင့် ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း၊ ရောဂါအား ပြင်းထန်စွာခံစားရမှုကို ထိထိရောက်ရောက် လျော့ကျနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရှိကြောင်း၊ ယခုအခါ အဆိုပါ Sinovac ကာကွယ်ဆေးကို ကလေးငယ်နှင့် လူငယ်များအား ထိုးနှံပေးလျက်ရှိရာ တရုတ်နိုင်ငံ၌ အသက်(၃)နှစ်မှ (၁၇)နှစ်ကြား ၆၃ သန်းအား လည်းကောင်း၊ ချီလီ နိုင်ငံ၌ အသက်(၁၂)နှစ်မှ (၁၇)နှစ်ကြားရှိ တစ်သန်း တစ်သိန်းကျော်အား လည်းကောင်း၊ ကမ္ဘောဒီးယား နိုင်ငံ၌ အသက် (၆)နှစ်မှ (၁၇)နှစ်ကြား သုံးသိန်း ငါးသောင်းကျော်အား လည်းကောင်း ထိုးနှံခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။                

 သတင်းစဉ်