
အသက် ၁၉ နှစ်အရွယ် အမေရိကန်အိုးပင်းတင်းနစ်ချန်ပီယံ ကိုကိုဂါ့ဖ် သည် အော့ကလန်ကလပ်ဆစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီး နောက် ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် ၎င်း၏ အကောင်းဆုံးပုံစံ ကို ဆက်လက်ပြသခဲ့သည်။
ကိုကိုဂါ့ဖ်သည် ယင်းပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်တွင် အမေရိကန် တင်းနစ်မယ် အမ်မာ နာဗာရိုကို ၆-၃၊ ၆-၁ နှင့်အတူ နှစ် ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဩစတြေးလျအိုးပင်းပြိုင်ပွဲကို လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ ကိုကိုဂါ့ဖ်သည် ဗိုလ်လုပွဲတွင် ယူကရိန်းနိုင်ငံသူ အီလီနာ စဗစ်တိုလီနာနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
စဗစ်တို လီနာသည် ဆီမီးဖိုင်နယ်တွင် တရုတ်တင်းနစ်မယ် ဝမ် ရွှီယူကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ ၂-၆၊ ၆-၄၊ ၆-၃ ဖြင့် အနိုင် ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာခြင်း ဖြစ်သည်။
မိုး