
နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတကာ၌ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အာဟာရ ပြည့်ဝရေးလုပ်ငန်းများနှင့်အတူ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ် လုပ်မှုများလည်း တိုးမြှင့်ဆောင် ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံချက်ပေးခြင်းလုပ်ငန်းများ၊ အော်ဂဲနစ်စနစ်ကျင့်သုံးခြင်း များ တွင် အာဆီယံကုန်သွယ်ဖက် နိုင်ငံများ၏ အော်ဂဲနစ်ဆိုင်ရာ လမ်းညွှန်ချက်များ အစီအစဉ်များ နှင့် တစ်ပြေးညီဖြစ်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ ရေးဆွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းညွှန်ချက်များ ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ အော်ဂဲ နစ် စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန် ချက်များ ပြင်ဆင်ရေး၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရေးနှင့် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းများမှ သဘောထား မှတ်ချက်များ တောင်းခံနိုင်ရေး စသည့်လုပ်ငန်းစဉ်များ ဆောင် ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၄ ရက်က နေပြည်တော်ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် အော်ဂဲနစ် ထောက်ခံချက်ပေးရေးလုပ်ငန်း စဉ်တွင် ပါဝင်သည့် အဖွဲ့အသီးသီး ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် များ၊ ပြင်ဆင်ထားရှိရမည့် စည်း မျဉ်းများနှင့် အထောက်အထား မှတ်တမ်းများ၊ အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းခွင်ကို စစ် ဆေးမည့် နည်းလမ်းများ၊ ထောက် ခံချက်ပေးရေး အစီအစဉ်နှင့် ဆိုင်းငံ့ခြင်း၊ ပြန်လည်ရုပ်သိမ်း ခြင်း၊ အရေးယူခြင်းစသည့် အော်ဂဲ နစ် ထောက်ခံချက်ပေးရန် လိုက်နာရမည့် လမ်းညွှန်ချက်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်