
နေပြည်တော် ဧပြီ ၃၀
နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ် စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင် ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံ လုပ်ဆောင်ရေးအတွက် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲ တမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး၊ အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အစိုးရဆိုင်ရာ ပုံနှိပ် လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခင် အစဉ်အဆက်မှစတင်၍ စာအုပ် စာစောင်များကို ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ် ကြောင်း၊ ယခုအချိန်တွင် အစိုးရ ဌာနများမှ ရိုက်နှိပ်ရမည့် စာအုပ် စာစောင်များကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကကပြည်တို့က ပုံနှိပ်ရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ညွှန်ကြားထား ပါကြောင်း။
ဆက်သွယ်ဆောင်ရွက်နိုင်
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဘတ်ဂျက် အသုံးပြုရသည့် ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ခြင်းအား ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကကပြည်မှသာ ဆောင်ရွက်ပြီး လုပ်ငန်းမနိုင်မှသာ ပြင်ပသို့အပ်နှံရန် ဟု ညွှန်ကြားမှု ပြုခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ အထက် ပါ ညွှန်ကြားချက်နှင့်အညီ စာအုပ် စာစောင် ရိုက်နှိပ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီစာပေ တိုက်အပါအဝင် ပုံနှိပ်တိုက်များတွင်လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း တို့မှ ပုံနှိပ်တိုက်များတွင် လည်း ကောင်း၊ သာသနာရေးဦးစီးဌာနရှိ ကမ္ဘာအေး စာပုံနှိပ်တိုက်တွင် လည်းကောင်း လုပ်ငန်းအပ်နှံ နိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင် ပါရန်နှင့် မဖြစ်မနေ အခြေအနေ မှသာ ပြင်ပ၌ ရိုက်နှိပ်နိုင်ရေး ဆောင်ရွက်နိုင်ပါရန် ဝန်ကြီး ဌာနများသို့ ထပ်ဆင့်အကြောင်း ကြားထားရခြင်းဖြစ်ပါကြောင်း။
ပေါင်းစည်းဆောင်ရွက်
ညွှန်ကြားချက်များ အပေါ် မူတည်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ဆက်လက်ဆောင် ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီထံ တင်ပြခဲ့ပြီး ခွင့်ပြု သည့်အတွက် အစိုးရဆိုင်ရာပုံနှိပ် လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အပ်နှံ သည့် လုပ်ငန်းများ အဆင်ပြေ စေရန် မိမိတို့၏ လုပ်နိုင်စွမ်းအား နှင့် Demand လိုအပ်ချက်ကို အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ မူဝါဒကို အကောင် အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ဝန်ကြီးဌာနများ အနေဖြင့် နားလည်မှုနှင့် ညီညီ ညွတ်ညွတ် ပေါင်းစည်းဆောင် ရွက်ရမည်ဖြစ်ပါကြောင်း ပြော ကြားသည်။
ထို့နောက် အစိုးရဆိုင်ရာပုံနှိပ် လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က လက်ရှိအခြေအနေ တွင် အစိုးရဌာနဆိုင်ရာများက ပုံနှိပ်လုပ်ငန်းအပ်နှံနေပြီး ဆောင် ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ် များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ မူဝါဒအရ ကော်မတီကို ဖွဲ့စည်းဆောင်ရွက် ခြင်းဖြစ်ပြီး ဌာနများအနေဖြင့် အပ်နှံရန်လျာထားမှု လုပ်ငန်း ပမာဏ၊ ရိုက်နှိပ်နိုင်မှု အခြေအနေ တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး အမြဲ တမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်က ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ တက်ရောက် လာသည့် အစိုးရဆိုင်ရာပုံနှိပ် လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များက ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး လက်အောက် ရှိ ပုံနှိပ်လုပ်ငန်းဆောင်ရွက်နေမှု၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ဆောင်ရွက်မှု၊ ပုံနှိပ်စက်များ ၏ အခြေအနေ၊ ဆောင်ရွက်နိုင်မှု လုပ်ငန်းပမာဏ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပုံနှိပ်စက်များ တပ်ဆင်ထားရှိမှု၊ ပုံနှိပ်ဆောင်ရွက်သည့်စနစ်၊ ပုံနှိပ် စက်များ၏ စွမ်းအားနှင့်လုပ်ငန်း ဆောင်ရွက်နိုင်မှုပမာဏ၊ သတင်း နှင့်စာနယ်ဇင်းလုပ်ငန်းရှိ ပုံနှိပ် စက်များ၏ အခြေအနေ၊ ပုံနှိပ် လုပ်ငန်း ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး အမြဲ တမ်းအတွင်းဝန်က အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြား တင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့သည်။
သတင်းစဉ်