အစ္စရေးသို့ပို့ကုန်များ တူကီယဲ ကန့်သတ်မည်ဟုဆို

 

အစ္စတန်ဘူလ်  ဧပြီ   ၁၀
အပစ်အခတ်ရပ်စဲရေး အတွက် အပြည်ပြည်ဆိုင်ရာမှ တောင်းဆို မှုများကို လျစ်လျူရှုကာ ထိုးစစ် ဆင်မှုများ    ဆက်လက်ပြုလုပ် နေသည့်အတွက်   အစ္စရေးသို့ တင်ပို့မည့်    ပို့ကုန်များအပေါ် ကန့်သတ်မှုများ ပြုလုပ်မည်ဟု တူကီယဲအစိုးရက   ကြေညာခဲ့ သည်။ သံမဏိ၊ ဘိလပ်မြေနှင့် လေယာဉ်ဆီအပါအဝင်   ကုန် ပစ္စည်း ၅၄ မျိုးအပေါ် ကန့်သတ် ချက်များ   ချမှတ်သွားမည်ဟု တူကီယဲကုန်သွယ်ရေး   ဝန်ကြီး ဌာနက ဧပြီ ၉ ရက်တွင်ကြေညာ ခဲ့သည်။ 
အစ္စရေးဘက်မှ ဂါဇာကမ်း မြောင်ဒေသသို့     လူသားချင်း စာနာထောက်ထားမှု   ဆိုင်ရာ အကူအညီများ   ဝင်ရောက်ခွင့် မပေးမချင်းနှင့်   အပစ်အခတ် ရပ်စဲရေးကို   မကြေညာမချင်း အဆိုပါ   ဆုံးဖြတ်ချက်အတိုင်းထားရှိသွားမည်ဟု    တူကီယဲ ကုန်သွယ်ရေး     ဝန်ကြီးဌာနက ပြောသည်။    တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်က  ဟား မားစ်တို့ကို ထောက်ပံ့ရန်အတွက် တူကီယဲပြည်သူများ၏    အကျိုး စီးပွားကို     စွန့်လွှတ်ခြင်းဖြစ် သည်ဟု   အစ္စရေးနိုင်ငံခြားရေး ဝန်ကြီး    အစ္စရေးရယ်ခန်ဇ်က ၎င်း၏ ဆိုရှယ်မီဒီယာအကောင့် တွင် ဖော်ပြခဲ့သည်။
 ပြီးခဲ့သည့်နှစ်အတွင်း  တူကီ ယဲနိုင်ငံမှ   အစ္စရေးသို့   ပို့ကုန် ခန့်မှန်းခြေအားဖြင့် ၄ ဒသမ ၆ ဘီလီယံရှိသည်ဟု အစ္စရေး ဗဟို စာရင်းအင်းဗျူရိုက ဖော်ပြထား သည်။ အဆိုပါပမာဏသည် တရုတ် နိုင်ငံ၊ အမေရိကန်နှင့်အခြားသောနိုင်ငံများပြီးလျှင်  ပို့ကုန်ပမာဏ ငါးနိုင်ငံမြောက်အများဆုံးလည်း ဖြစ်သည်။ တူကီယဲသမ္မတ  အာဒို ဂန်သည် အစ္စရေးကို    အကြိမ်ကြိမ် ရှုတ်ချခဲ့သည်။ သို့သော်လည်း ၎င်း ကို ဝေဖန်သူများက အာဒိုဂန်သည် အစ္စရေးနှင့်     ကုန်သွယ်ရေးကို ဆက်လက်ထားရှိပြီး   ပါလက် စတိုင်းပြည်သူများကို သစ္စာဖောက်  သည်ဟု ဝေဖန်ခဲ့ကြသည်။ 
အင်န်အိတ်ချ်ကေ