
ဂျေရုဆလင် ဇူလိုင် ၅
နိုင်ငံအတွင်းဆယ်ကျော်သက် တစ်သိန်းကို အနည်းဆုံးတစ်ကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးပြီးဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီဘန်းနက်က ပြောသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အသက် ၁၂ နှစ်နှင့် ၁၆ နှစ်ကြား ဆယ်ကျော်သက်များကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးရန် အကြောင်းကြားခဲ့ပြီး ယခုအခါဆယ်ကျော် သက် တစ်သိန်းကို ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးကြောင်း ကြေညာရသည့်အတွက် ကျေနပ်မိကြောင်း မစ္စတာ ဘန်းနက်က ယခုသီတင်းပတ်အတွင်းပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။
တိုင်းပြည်အတွင်း ရရှိထားသည့် ဖိုက်ဇာကာကွယ်ဆေးများ သက်တမ်း မလွန်မီ ဆယ်ကျော်သက်များကို ကာကွယ်ဆေးထိုးပေးမှု စတင်နိုင်ခဲ့ သည်ဟု အစ္စရေးဝန်ကြီးချုပ်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နောက်ထပ်ဆယ်ကျော်သက်များလည်းကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ ဆင်ဟွာ