အစ္စရေးနိုင်ငံကို တိုက်ခိုက်မည့်ကြံရွယ်မှုများအား ဆက်လက်မလုပ်ဆောင်ရန် အီရန်နိုင်ငံကို ဂျိုးဘိုင်ဒင်က ပြင်းပြင်းထန်ထန် အသိပေးပြောကြား

 

တီဟီရန် ဧပြီ ၁၃
အီရန်၏အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (အိုင်အာဂျီစီ)၏ ရေတပ်သည် ဟောမုဇ်ရေလက် ကြားအနီး အစ္စရေးနှင့်ဆက်စပ်နေ သည့် ကုန်တင်သင်္ဘောတစ်စင်း ကို ဖမ်းဆီးထားကြောင်း တရား ဝင်    သတင်းအေဂျင်စီဖြစ်သည့် အိုင်အာအင်န်အေက   ထုတ်ပြန် ထားသည်။
အိုင်အာဂျီစီ ရေတပ်၏ အထူး တပ်ဖွဲ့များသည်   ရဟတ်ယာဉ် တစ်စင်းဖြင့် သင်္ဘောပေါ်သို့ဆင်း၍ စစ်ဆင်ရေးလုပ်ဆောင်ပြီးနောက် သင်္ဘောကိုသိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါသင်္ဘာမှာ အီရန်ရေပိုင်နက် ဆီသို့  ဦးတည်ခဲ့ကြောင်း အိုင်အာ အင်န်အေက ထုတ်ပြန်ထားသည်။
ယင်းနောက်    သင်္ဘော၏ ခြေရာခံစနစ်များကို   ပိတ်ထား ခဲ့ပြီး  အီရန်တပ်ဖွဲ့များက   စုံစမ်း မေးမြန်းမှုများကို တုံ့ပြန်ခြင်းမရှိ ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
အိုင်အာဂျီစီတပ်မှူး   နှစ်ဦး အပါအဝင် အီရန်နိုင်ငံသား ခုနစ်ဦး သေဆုံးခဲ့သည့် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရှိ အီရန်သံရုံး၏ ကောင်စစ်ဝန်ဌာနစိတ်ကို ဧပြီ ၁ ရက်က အစ္စရေးက ဒုံးကျည်တိုက် ခိုက်မှုလုပ်ဆောင်ပြီးနောက်     ၁၂   ရက် အကြာတွင်       ယင်းသင်္ဘောကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။   အီရန်အာဏာပိုင်များက အဆိုပါ    တိုက်ခိုက်မှုအတွက် အစ္စရေးကို   လက်တုံ့ပြန်မည်ဟု ကတိပြုထားကြောင်း      သိရ သည်။ 
ဆင်ဟွာ