အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း လက်ဘနွန်သေဆုံးသူ ၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၇၂ ဦးရှိ

အောက်တိုဘာ ၁

လက်ဘနွန်နိုင်ငံတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ၉၅ ဦး သေဆုံးပြီး အခြား ၁၇၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညကပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဘာလ်ဘတ်-ဟာမယ်ခရိုင်တွင် ၁၆ ဦးသေဆုံးပြီး ၄၈ ဦး ထိခိုက်ဒဏ်ရရှိပြီး နာဘာတိရှ်ဒေသတွင် ၁၆ ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

ဘေရွတ်မြို့တော်တွင် လေးဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး လက်ဘနွန်တောင်ပိုင်းတွင် ၅၂ ဦး သေဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဘက်ကာဒေသတွင် ခုနစ်ဦးသေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အစ္စရေးတပ်မတော်သည် လွန်ခဲ့သောသီတင်းပတ်မှစတင်ကာ လက်ဘနွန်နိုင်ငံတစ်ဝန်း၌ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ