အစ္စရေးကို အခိုင်အမာထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြောကြား

 

ဝါရှင်တန်  ဧပြီ  ၁၁ 
ဆီးရီးယားနိုင်ငံရှိ   အီရန်သံရုံး    မကြာသေးမီက တိုက်ခိုက်ခံရခြင်းအတွက်    အီရန်က လက်စားချေ မည်ဟု ကတိပေးပြောကြားပြီးနောက် အမေရိကန် သမ္မတ  ဂျိုးဘိုင်ဒင်က မိမိတို့နိုင်ငံသည် အစ္စရေးကို       အခိုင်အမာထောက်ခံသွားမည်ဖြစ်ကြောင်း   ပြော ကြားလိုက်သည်။
ယခုလအစောပိုင်းတွင်   ဒမတ်စကတ်ရှိ သံရုံး အဆောက်အအုံဝင်းထဲ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက် မှုတွင်   အီရန်အရာရှိအတော်များများ   အသတ်ခံခဲ့ ရသည်။ အဆိုပါတိုက်ခိုက်မှုကို အစ္စရေးက  ပြုလုပ် ခဲ့ကြောင်း ယုံကြည်လျက်ရှိသည်။ 
အီရန်၏ ခြိမ်းခြောက်မှုများကို ဆန့်ကျင်သည့် အစ္စရေး၏ လုံခြုံရေးအပေါ်ပေးထားသော မိမိတို့၏ ကတိကဝတ်ကို   ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က    ဧပြီ   ၁၀    ရက်က    ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ အစ္စရေး၏လုံခြုံရေးကို ကာကွယ်ရန် ဖြစ်နိုင်သမျှ အကုန်လုပ်သွားမည်ဖြစ်ကြောင်း  ဘိုင်ဒင်က ပြော ကြားခဲ့သည်။ 
ဂါဇာကမ်းမြောင်ဒေသ၌     အရပ်သားများကို ကာကွယ်ခြင်း၊   လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ   အကူအညီများ   ပိုမိုခွင့်ပြုခြင်းနှင့်  တခြား ကိစ္စရပ်များအပေါ်    အစ္စရေးတို့က   သဘောထား မပြောင်းလဲဘူးဆိုလျှင်           အမေရိကန်မူဝါဒကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း   ဘိုင်ဒင်က သတိပေးပြောကြားခဲ့သည်။ 
လွန်ခဲ့သော သုံးရက်က ဂါဇာသို့ ကုန်တင်ကား ၁၀၀ ဝင်ရောက်ခဲ့ခြင်းအပေါ်  ဘိုင်ဒင်က   အဆိုပါ ပမာဏသည် မလုံလောက်သေးကြောင်း ပြောကြား ခဲ့သည်။   အစ္စရေးဝန်ကြီးချုပ်   ဘင်ဂျမင်  နေတန် ယာဟု ပေးခဲ့သည့် ကတိပေးချက်များကို ပြည့်ဝ အောင် အကောင်အထည်ဖော်      ဆောင်ရွက်နေခြင်းကို မြင်တွေ့လိုကြောင်း    ဘိုင်ဒင်က    ထပ်မံပြောကြား ခဲ့သည်။ 
အင်န်အိတ်ချ်ကေ