
ဝါရှင်တန် ဧပြီ ၁၁
အီရန်သည် မကြာမီအချိန်အတွင်း အစ္စရေးကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုပြုလုပ်နိုင်သည်ဟု အမေရိကန်မီဒီယာ ဘလွန်းဘာ့ဂျ်တွင် ဖော်ပြထား သည်။
အီရန်တိုက်ခိုက်နိုင်
အစ္စရေးရှိ အစိုးရပစ်မှတ်များနှင့် စစ်ဘက် ဆိုင်ရာများကို အီရန်က ပစ်မှတ်ထားကာ ဒုံးကျည် များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ် လာနိုင်သည်ဟု အမေရိကန်နှင့် ၎င်း၏မဟာမိတ် များက ယူဆထားကြောင်း ဘလွန်းဘာ့ဂျ်တွင် ဧပြီ ၁၀ ရက်က ဖော်ပြထားသည်။
ပြန်လည်လက်တုံ့ပြန်သွားမည်
ဧပြီ ၁ ရက်တွင် ဆီးရီးယားရှိ အီရန်သံရုံးမှာ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ အစ္စလမ္မစ်တော်လှန်ရေး အစောင့်တပ်မှ အရာရှိများ အပါအဝင် စစ်ဘက်ဆိုင်ရာအရာရှိ ခုနစ်ဦးသေဆုံး ခဲ့ပြီး ဆီးရီးယားအရပ်သား ခြောက်ဦးသေဆုံး ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွက် အီရန်က အစ္စရေးကို အပြစ်တင်ခဲ့ပြီး ပြန်လည်လက်တုံ့ ပြန်သွားမည်ဟုလည်း ကတိပြုခဲ့သည်။
အမေရိကန်စစ်ဦးစီးချုပ်
အစ္စရေးသို့ သွားရောက်နိုင်
အီရန်နှင့် ၎င်း၏မဟာမိတ်များက အစ္စရေး အပေါ်တိုက်ခိုက်ရန် ဖြစ်နိုင်ခြေရှိသည်များကို ညှိနှိုင်း ဆောင်ရွက်ရန် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်စစ်ဦးစီးချုပ်သည် ကြာသပတေးနေ့တွင် အစ္စရေးသို့သွားရောက်ရန် မျှော်လင့်ထားကြောင်း အစ္စရေးအစိုးရအရာရှိများက ပြောသည်ဟု အမေရိကန်သတင်း ဝက်ဘ်ဆိုက် အက်စီးရပ်စ်တွင် ဧပြီ ၁၀ ရက်က ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ