အဲလစ်ဇဘတ်ဘုရင်မကြီး ထီးနန်းစံသက် နှစ် (၇၀) ပြည့်ပြီ

 

လန်ဒန်   ဖေဖော်ဝါရီ   ၆


ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် သည်   ဖေဖော်ဝါရီ   ၆  ရက်က ထီးနန်း  နန်းစံခြင်း နှစ် (၇၀) ပြည့်ပြီ ဖြစ်သည်။      ဘုရင်မကြီးသည် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်  သူမ၏အသက် ၂၅ နှစ်တွင်  ထီးနန်း ဆက်ခံခဲ့သည်။  ဘုရင်မကြီးသည်    နိုင်ငံ၏     နန်းသက်အကြာဆုံး    ဘုရင်မကြီးလည်း  ဖြစ်သည်။ 

 


သူမမှာ ယူကေနိုင်ငံ၏ စည်း လုံးခြင်းသင်္ကေတဖြစ်ပြီး   ဗြိတိသျှ  ဓနသဟာယနိုင်ငံများနှင့် အခြား သောနိုင်ငံများသို့  သွားရောက် လည်ပတ်ခဲ့သည်။ ၁၉၇၅ ခုနှစ် တွင်   ၎င်းသည်   ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဂျပန်တော်ဝင် မိသားစုနှင့်လည်း ဆက်ဆံရေး ခိုင်မာစေခဲ့သည်။   မကြာသေးမီ နှစ်များအတွင်း တော်ဝင်မိသားစု ပုံရိပ်ကို မြှင့်တင်ရန်အတွက် လူမှု ကွန်ရက်မီဒီယာကို အသုံးပြုခဲ့သည်။ 

 


ကိုဗစ်-၁၉ ကာလ ကျန်းမာ ရေးအတွက် ပြည်သူများကြားတွင် စိုးရိမ်မှုများ မြင့်မားနေစဉ်အတွင်း  ဘုရင်မကြီးသည်   ကျန်းမာရေး လုပ်သားများနှင့် စေတနာ့ဝန်ထမ်း များကို  အွန်လိုင်းပေါ်မှတစ်ဆင့် စကားပြောကြားခဲ့သည်။ ရုပ်မြင် သံကြားမိန့်ခွန်းမှတစ်ဆင့်လည်း ပြည်သူများ စည်းလုံးညီညွတ်ကြ ရန် တောင်းဆိုခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်း     ပြည်သူများထံမှ သဘောထားကို   ကောက်ယူခဲ့ရာ   ဘုရင်စနစ်ကို ထိန်းသိမ်းထားသင့် သည်ဟု    ဖြေကြားသူ   အသက် ၆၅ နှစ်အထက်မှာ ၈၁ ရာခိုင်နှုန်း ရှိသည်။ အသက် ၁၈ နှစ်နှင့် ၂၄ နှစ်ကြား ၃၁ ရာခိုင်နှုန်းမှာလည်း အလားတူ ဖြေကြားခဲ့ကြသည်။ ဘာကင်ဟမ်တက္ကသိုလ်မှ သမိုင်း    ပါမောက္ခ ဂျိန်းရိုင်ဒလေက အဲလစ် ဇဘတ်ဘုရင်မကြီးမှာ ဗြိတိန်နိုင်ငံ သားများအတွက်  အရေးကြီးသည့် ပြယုဂ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။


အင်န်အိတ်ချကေ