အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်းနှင့် အာဖရိက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး ပူးတွဲညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးကမ္ဘာ့ညီလာခံ (၅) ကြိမ်မြောက် ညီလာခံကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၆


အာရှဖွဲ့စည်းပုံအခြေခံ    ဥပဒေ ဆိုင်ရာတရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း  (AACC)နှင့် အာဖရိကဖွဲ့စည်းပုံ  အခြေခံ ဥပဒေဆိုင်ရာ      တရားစီရင်ရေး (CCJA)         ပူးတွဲညီလာခံကို အောက်တိုဘာ ၄ ရက်က  စတင် ကျင်းပရာ     နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး  ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့   Online   မှ တက်ရောက်ခဲ့သည်။

 


အဆိုပါ    ပူးတွဲညီလာခံကို “Promoting     Asian-African Cooperation for the Protection of    People’s   Fundamental Rights”  ခေါင်းစဉ်ဖြင့်   ကျင်းပ ခြင်းဖြစ်ပြီး        ပူးတွဲညီလာခံသို့ AACC အဖွဲ့ဝင်နိုင်ငံ   (၁၆)   နိုင်ငံ နှင့် CCJA အဖွဲ့ဝင်နိုင်ငံ(၂၉) နိုင်ငံ တို့မှ    ဖွဲ့စည်းပုံ   အခြေခံဥပဒေ ဆိုင်ရာ တရားရုံး/ ခုံရုံး/ ကောင်စီ များ၏     တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊    တရားသူကြီးများ တက်ရောက်ကြပြီး AACC အဖွဲ့ဝင် နိုင်ငံများနှင့်   CCJA   အဖွဲ့ဝင် နိုင်ငံများမှ  ဥပဒေပညာရှင်များက စာတမ်းများဖတ်ကြား၍    အသိ အမြင်နှင့်   အတွေ့အကြုံ   ဗဟု သုတများကို ဖလှယ်ခဲ့ကြသည်။

 


ထို့အတူ   အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ  ကျင်းပသည့် ဖွဲ့စည်းပုံ   အခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး    ကမ္ဘာ့ညီလာခံ အသင်း(WCCJ)၏   (၅)   ကြိမ် မြောက်ညီလာခံသို့     နိုင်ငံတော် ဖွဲ့စည်းပုံ  အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်           ဦးခင်မောင်ဦး ခေါင်းဆောင်သည့်     ကိုယ်စား လှယ်အဖွဲ့   အွန်လိုင်းမှတစ်ဆင့် ဆက်လက် တက်ရောက်ခဲ့သည်။ အဆိုပါ ညီလာခံကို  “Constitu-tional  Justice  and  Peace” ခေါင်းစဉ်ဖြင့်    ကျင်းပပြုလုပ်ရာ  WCCJ    အဖွဲ့ဝင်    နိုင်ငံပေါင်း  ၉၈   နိုင်ငံမှ    ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ    တရားရုံး/ ခုံရုံး/ ကောင်စီတို့၏   တရားသူကြီးချုပ် များ၊ ဥက္ကဋ္ဌများ၊  တရားသူကြီးများ၊ ဖိတ်ကြားထားသော  အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများမှ ဥပဒေ ပညာရှင်များ  တက်ရောက်ကြပြီး အသိအမြင် အတွေ့အကြုံ  ဗဟု သုတများ   ဖလှယ်ခဲ့ကြကြောင်း သိရသည်။  


သတင်းစဉ်