အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ရှုံးထွက်ပွဲအဖြစ် မြန်မာနှင့် ဂျပန် ယနေ့ ယှဉ်ပြိုင်ကစားမည်

 

ရန်ကုန်  စက်တင်ဘာ  ၂၇


 (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲ ရှုံးထွက်အဆင့် ဒုတိယနေ့ပွဲစဉ်များကို စက်တင်ဘာ ၂၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး  မြန်မာအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရှုံးထွက်ပွဲစဉ် ရှစ်ပွဲအနက် ငါးပွဲကို စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပြီး  ကျန်သုံးပွဲကိုသာ  ယနေ့   ကျင်းပမည်ဖြစ်သည်။ ရှုံးထွက်အဆင့် ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန်  မွန်းလွဲ ၂ နာရီတွင် ဥဇဘက်ကစ္စတန်အသင်းနှင့် အင်ဒိုနီးရှား အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ဂျပန်အသင်းနှင့် မြန်မာအသင်း၊   အိန္ဒိယအသင်းနှင့်   ဆော်ဒီအာရေဗျအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


မြန်မာအသင်းသည်   အကောင်းဆုံးအုပ်စု  တတိယနေရာ   လေးသင်း တွင်ပါဝင်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့သော်လည်း ရှုံးထွက်အဆင့် တွင် အာရှထိပ်သီး ဂျပန်အသင်းနှင့် တွေ့ဆုံနေသဖြင့် ရုန်းကန်ရဖွယ် ရှိနေသည်။ ဂျပန်အသင်းသည် အုပ်စုပွဲများတွင် ကာတာနှင့် ပါလက် စတိုင်း နှစ်သင်းစလုံးကို အနိုင်ယူကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့် တက်ရောက်လာခြင်းဖြစ်သည်။ ဂျပန်အသင်းသည် နောက်ဆုံးကျင်းပ သည့် ၂၀၁၈ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့်အသင်းဖြစ်သည်။


 မြန်မာအသင်းသည် အုပ်စုသုံးပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲ ရှုံးနိမ့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အသင်းကိုသာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ အိန္ဒိယနှင့်    တစ်ဂိုးစီသရေကျပြီး  တရုတ်အသင်းကို   လေးဂိုးပြတ် အရေးနိမ့်ခဲ့သည်။   

 

ညီမြတ်သော်တာ