
ဂျီနီဗာ ဇန်နဝါရီ ၁၄
အာဖရိကတွင် အိုမီခရွန်ကူးစက် မှုများကြောင့် ကိုဗစ် - ၁၉ ကူးစက် မှုများ လျော့ကျလာသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။
အာဖရိက အနောက်ပိုင်းနှင့်မြောက်ပိုင်းတို့တွင် ကူးစက်မှု များပြားလာသည်မှာ မျက်မြင် သက်သေပင်ဖြစ်ပြီး တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်မူ ကူးစက် မှုလျော့ကျလာသည်ဟု ဇန်နဝါရီ ၁၃ ရက်တွင် ကုလသမဂ္ဂကျန်းမာ ရေးအေဂျင်စီက ပြောသည်။
ထိုအထဲတွင် အိုမီခရွန် ကူးစက်မှုစတင်ရာ တောင်အာဖရိ က နိုင်ငံလည်း အပါအဝင်ပင် ဖြစ်သည်။ အာဖရိက၏ ကပ် ရောဂါ စတုတ္ထလှိုင်းမှာ ကူးစက်မှု လှိုင်းများထဲတွင်အတိုဆုံးကာလဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
ယခင် အကျော့များနှင့် နှိုင်းယှဉ်လျှင် အိုမီခရွန်ကြောင့် သေဆုံးမှုနှင့် ဆေးရုံတက်ရမှုမှာ လျော့ကျသည်။ ခရစ္စမတ်ကာလ အားလပ်ရက်တွင် ရောဂါကူး စက်မှုများလာခြင်း ရှိ မရှိ အရာရှိ များက အနီးကပ်စောင့်ကြည့် နေသော်လည်း နောက်ထပ် ကူးစက်ခံရမှုများ လျော့ကျလာ သည်ကို တွေ့မြင်ရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ အာဖရိကဆိုင်ရာ ဒေသတွင်း အရာရှိတစ်ဦးက ပြောသည်။
ဥရောပအပါအဝင် အချို့ သောနိုင်ငံများမှာ အိုမီခရွန် ကူးစက်မှု စတင်ပေါ်ပေါက်လာ စဉ်က အာဖရိကနိုင်ငံများကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။ သို့သော်လည်း တစ်ကမ္ဘာလုံး အနှံ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွား သည့်အခါ ဗြိတိန်နှင့် အမေရိကန် အပါအဝင် အခြားသောနိုင်ငံများ သည် ယင်းပိတ်ဆို့မှုကိုဖယ်ရှားပေးခဲ့သည်။
အင်န်အိတ်ချ်ကေ