အာဖရိကတွင် ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း  ၉ ဒသမ ၁၅ သန်းကျော်လွန်

 

 

အဒစ္စအဘာဘာ ဒီဇင်ဘာ ၂၀  
အာဖရိကတွင်     ဒီဇင်ဘာ ၁၉ ရက်  ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၉၁၅၅၆၉၁ ဦးအထိ ရှိလာခဲ့ ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (အာဖရိကစီဒီစီ) က ပြောသည်။   စီဒီစီက   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့်   သေဆုံးသူ ပေါင်းမှာ ၂၂၅၉၆၇  ဦး   ရှိလာပြီဖြစ် ကြောင်းနှင့် ၈၃၂၉၄၈၁ ဦးမှာ   ကိုဗစ်-၁၉ ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။ 
တောင်အာဖရိက၊    မော်ရိုကို၊   တူနီး ရှား၊    အီသီယိုပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံး နိုင်ငံများဖြစ်ကြောင်း   အာဖရိက ရောဂါ ထိန်းချုပ်ရေးနှင့်  ကာကွယ်ရေးဌာနက ပြောသည်။   အာဖရိကတွင် တောင် အာဖရိကသည် ကိုဗစ်-၁၉ ကူးစက်ဖြစ် ပွားသူ ၃၂၉၂၆၀၉ ဦးဖြင့် ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ကာ   မော်ရိုကိုနိုင်ငံသည် ၉၅၂၆၂၈ ဦးဖြင့်   နောက်မှလိုက်လျက်ရှိ ကြောင်း သိရသည်။ တောင်အာဖရိက သည်   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု   အများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်း နှင့်    အရှေ့ပိုင်းတို့သည် ဒုတိယကူးစက် ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ အာဖရိက အလယ်ပိုင်းသည် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွား မှုအနည်းဆုံးဖြစ်ကြောင်း စီဒီစီ၏ ထုတ်ပြန်ချက်အရ သိရသည်။   ဆင်ဟွာ