အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ကိုးသန်းနီးပါး ရှိလာ

အဒစ်အဘာဘာ  ဒီဇင်ဘာ  ၁၄


အာဖရိကတိုက်၌    ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းအချိန်အထိ ကိုဗစ်- ၁၉ ရောဂါ    ကူးစက်ခံရသူပေါင်း ၈၉၄၄၀၉၇ ဦး     ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက   ယနေ့ တွင် ပြောကြားသည်။


သေဆုံးသူပေါင်း ၂၂၄၉၂၀ ရှိ


အာဖရိကသမဂ္ဂ  အဖွဲ့ဝင်နိုင်ငံ များ၏ ကျန်းမာရေးအေဂျင်စီများ အား ကိုယ်စားပြုသည့် အာဖရိက ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်          တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူပေါင်း ၂၂၄၉၂၀ ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည် ကျန်းမာလာသူ           စုစုပေါင်း ၈၂၁၅၃၀၇ ဦးရှိကြောင်း  သိရ သည်။


အာဖရိကတိုက်၌    တောင် အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယား နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးနိုင်ငံများဖြစ်ကြောင်း      အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောကြားသည်။


တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်- ၁၉ ရောဂါ   ကူးစက်ခံရသူပေါင်း သုံးသန်းကျော်        ရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ         ကူးစက်ခံရသူပေါင်း ၉၅၁၄၈၂ ဦး ရှိကြောင်း သိရသည်။ 


အာဖရိကတိုက်၌  အာဖရိက တောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု     အများဆုံး ဒေသဖြစ်ပြီး အာဖရိကမြောက် ပိုင်းနှင့် အရှေ့ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယအများဆုံး       ဒေသများ ဖြစ်ကာ  အာဖရိကအလယ်ပိုင်း ဒေသသည်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု  အနည်းဆုံးဒေသဖြစ် ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်