
အဒစ်အဘာဘာ ဇန်နဝါရီ ၅
အာဖရိကတိုက်၌ ဇန်နဝါရီ ၄ ရက် ညနေပိုင်း အချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၇၈၁၈၃၈ ဦးရှိလာကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေး အေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြား ချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း၂၂၉၁၀၁ ဦးရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၇၄၆၃၇၈ ဦးရှိကြောင်း သိရသည်။
အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကို နိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီး ယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။
အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက် တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် သည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်းနှင့် အာဖရိကတိုက်တစ်ဝန်း အဆိုပါရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း၏ ၄ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄၇၅၅၁၂ ဦးရှိကြောင်း၊ မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၆၆၇၇၇ ဦးရှိကြောင်းနှင့် တူနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇၂၈၂၆၀ ရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောကြားသည်။
အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသ သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံးဒေသ ဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသ များသည်
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယအများ ဆုံးဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်