
အဒစ်အဘာဘာ စက်တင်ဘာ ၂၇
အာဖရိကတိုက်၌ ယနေ့ မွန်းလွဲပိုင်းအချိန် အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၂၆၈၈၁၈ ဦးရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာက ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စား ပြုသည့် အာဖရိကရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ၏ ပြောကြား ချက်အရ အာဖရိကတိုက်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၀၉၇၄၇ ဦးရှိလာပြီး ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၇၅၉၂၄၇၅ ဦး ရှိကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံ တို့သည် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံများ ဖြစ်ပြီး တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၈၉၅၉၇၆ ဦးရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၉၂၈၅၇၁ ဦးရှိကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အာဖရိကတိုက်၌ တောင်ပိုင်းဒေသ သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယအများဆုံး ဒေသများဖြစ်ကာ အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအနည်းဆုံး ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်