
အဒစ်အဘာဘာ နိုဝင်ဘာ ၁၀
အာဖရိကတိုက်၌ ယမန်နေ့ မွန်းလွဲပိုင်း အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၈၅၄၈၅၇၅ ဦးရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာက ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စား ပြုသည့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက် အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၁၉၇၉၃ ဦးရှိလာကြောင်း သိရသည်။ လက်ရှိတွင် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ပေါင်း ၇၇၄၇၃၂၉ ဦးရှိကြောင်း သိရ သည်။
တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံ တို့သည် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးနိုင်ငံများ ဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြား သည်။
အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်း ဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယ အများဆုံးဒေသများဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်