အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀ သန်းကျော် ရှိလာ

အဒစ်အဘာဘာ   ဇန်နဝါရီ   ၉


အာဖရိကတိုက်၌ ဇန်နဝါရီ ၈ ရက် ညနေပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၀၂၈၅၀၈ ဦးရှိလာ ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက   ယနေ့တွင် ပြောကြားသည်။


အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စား ပြုသည့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက် အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူပေါင်း ၂၃၁၁၅၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ    ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၉၁၆၄၆၉ ဦးရှိကြောင်း သိရ သည်။


အာဖရိကတိုက်၌ တောင်အာဖရိက နိုင်ငံ၊    မော်ရိုကိုနိုင်ငံ၊   လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံ တို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့်   ကာကွယ်ရေး စင်တာက ပြောကြားသည်။


တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၅၁၃၈၁၃ ဦးရှိကြောင်း၊ မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၉၀၀၅၇ ဦး ရှိကြောင်းနှင့် တူနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇၃၈၄၄၂ ဦး ရှိကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေး နှင့်  ကာကွယ်ရေးစင်တာက ပြောကြား သည်။


အာဖရိက  ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက် အရ အာဖရိကနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၅၄၇ သန်း အသုံးပြုပြီးဖြစ်ကြောင်းနှင့် အာဖရိက တိုက် လူဦးရေစုစုပေါင်း၏ ၉ ဒသမ ၆ ရာခိုင်နှုန်းသည်   ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေး   နှစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ 
ဘာသာပြန် - အလင်းသစ်