
အဒစ်အဘာဘာ ဇန်နဝါရီ ၂၄
အာဖရိကတိုက်၌ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၅၆၄၇၅၈ ဦးရှိလာကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် အဆိုပါရောဂါ ကြောင့် သေဆုံးသူပေါင်း ၂၃၆၅၆၁ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၉၄၆၇၄၃၄ ဦးရှိကြောင်း သိရသည်။
အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၅၇၉၄၂၈ ဦးရှိကြောင်း၊ မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၁၀၉၃၉၇၈ ဦးရှိကြောင်းနှင့် တူနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၈၄၆၇၆၁ ဦးရှိကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အာဖရိကတိုက်တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုသည် ကမ္ဘာတစ်ဝန်းကူးစက်ခံရသူစုစုပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးမှုသည် ကမ္ဘာတစ်ဝန်း အဆိုပါရောဂါ ဖြင့် သေဆုံးသူစုစုပေါင်း၏ ၄ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အာဖရိကတိုက်တစ်ဝန်းတွင် အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအများဆုံးဒေသဖြစ်ကာ မြောက်ပိုင်း နှင့် အရှေ့ပိုင်းဒေသသည် ကူးစက်မှုဒုတိယအများဆုံးဖြစ်ပြီး အာဖရိက အလယ်ပိုင်းဒေသသည် ကူးစက်မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်