အာဖရိက၌  ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၈ ဒသမ ၄၆ သန်းကျော်ရှိလာ

 

 

အဒစ္စအဘာဘာ အောက်တိုဘာ ၂၅  

 
အာဖရိကတွင် အောက်တိုဘာ ၂၅  ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ပေါင်း ၈၄၆၇၆၃၅ ဦး   ရှိလာခဲ့ကြောင်း  အာဖရိက ရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးဌာန (အာဖရိကစီဒီစီ)က ပြောသည်။ 
စီဒီစီက ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူပေါင်းမှာ ၂၁၆၉၈၀ ရှိလာပြီဖြစ်ကြောင်းနှင့်  ၇၈၅၇၃၈၄  ဦးမှာ ကိုဗစ်-၁၉ ကင်းစင်သွားပြီ ဖြစ်ကြောင်း သိရသည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုပီးယားနိုင်ငံတို့ သည် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။ 
တောင်အာဖရိကသည် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ဒုတိယကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ အာဖရိကအလယ်ပိုင်းသည် ကိုဗစ်-၁၉ ကူးစက် မှုအနည်းဆုံးဖြစ်ကြောင်း       စီဒီစီ၏     ထုတ်ပြန်ချက်အရ   သိရ  သည်။
ဆင်ဟွာ