
အဒစ္စအဘာဘာ အောက်တိုဘာ ၅
အာဖရိကတွင် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၈၃၄၃၉၆၇ ဦး ရှိလာ ခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဌာန (အာဖရိကစီဒီစီ) က ပြောသည်။
စီဒီစီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ပေါင်းမှာ၂၁၂၄၈၄ ဦး ရှိလာပြီဖြစ်ကြောင်းနှင့် ၇၆၈၇၉၃၈ဦး မှာ ကိုဗစ်-၁၉ ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုပီးယား နိုင်ငံတို့သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။
တောင်အာဖရိကတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၉၀၆၈၅၁ ဦးဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးစံချိန်တင်ဖော်ပြခဲ့ပြီး အာဖရိကမြောက်ပိုင်းနိုင်ငံဖြစ်သည့် မော်ရိုကိုနိုင်ငံတွင် အောက်တိုဘာ ၅ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၉၃၅၅၆၀ ရှိကြောင်း သိရသည်။
တောင်အာဖရိကသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး၊ အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ သည် ကူးစက်ဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်သည်။ အာဖရိက အလယ်ပိုင်းသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ကြောင်း စီဒီစီ၏ထုတ်ပြန်ချက်အရ သိရသည်။ ဆင်ဟွာ