
ကဘူးလ် ဇန်နဝါရီ ၁၈
အာဖဂန်နစ္စတန် အနောက်ပိုင်းပြည်နယ် ဘတ်ဂျစ်တွင် ပြင်းအား ၅ ဒသမ ၆မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ဒေသခံအာဏာပိုင်တစ်ဦးက ပြောသည်။
ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်အများအပြား ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရသည်။ ငလျင်ကြောင့်ပျက်စီးမှု အရေအတွက်မှာ ထပ်မံမြင့်မားလာနိုင်ခြေရှိသည်ဟုလည်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။ ပထမငလျင် လှုပ်ခတ်ပြီးနောက် နောက်ထပ်ငလျင်ငယ်များလှုပ်ခတ်မှုကိုလည်း ခံစားခဲ့ရသည်ဟု သိရသည်။ ငလျင်ဒဏ် အဆိုးဆုံးခံစားခဲ့ရသည့် နေရာများမှာ ဘတ်ဒရပ်၊ ဒါဘန်အီ ဆာဖက်နှင့် ခတ်ပိုလက်ခ် ဒေသ တို့ဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ