
တိုကျို ဒီဇင်ဘာ ၂၁
အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန် အကူအညီများ ဂျပန်နိုင်ငံကပေးအပ်သွား မည်ဟု ဂျပန်အစိုးရကဆုံးဖြတ်ခဲ့သည်။ တာလီဘန် များက အာဖဂန်နစ္စတန်နိုင်ငံကိုထိန်းချုပ်ပြီး လေးလ ကျော်အကြာတွင် နိုင်ငံ၏စီးပွားရေးမှာ ယိမ်းယိုင်ခဲ့ ရသည်။
နိုင်ငံလူဦးရေ၏ ၆ ရာခိုင်နှုန်းမှာ အစားအစာ မလုံလောက်သည့်ဘေးနှင့် ကြုံတွေ့နေရသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် မိုးခေါင်ရေရှားမှု၊ ဆင်းရဲ မွဲတေမှုတို့နှင့် ကြုံတွေ့နေရပြီး ကိုဗစ် -၁၉ ၏ ရိုက်ခတ်မှုဒဏ်ကိုလည်း ခံစားနေရသည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ထောက်ပံ့ရေးဘတ်ဂျက် အစိတ်အပိုင်းအဖြစ် ယခုကဲ့သို့ ကူညီထောက်ပံ့မှု များ ပေးမည်ဖြစ်သည်။
ယခုပေးအပ်သည့် ကူညီထောက်ပံ့မှုများကို အစားအစာနှင့်သောက်သုံးရေ ထောက်ပံ့ပေးမှုတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။ ထို့ပြင် ဆေးဘက် သုံးပစ္စည်းများ ထောက်ပံ့ပေးရာတွင်လည်း အသုံးပြု သွားမည်ဖြစ်သည်။
တာလီဘန်များ အာဖဂန်နစ္စတန်ကိုထိန်းချုပ်ပြီး နောက်ပိုင်း ဂျပန်နိုင်ငံက ဒုတိယအကြိမ်မြောက် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ အာဖဂန်ပြည်သူ များကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဟုလည်း အစိုးရအာဏာပိုင်များက ပြောသည်။ ထို့ပြင် နိုင်ငံ အတွင်းတည်ငြိမ်ရေးနှင့် ပတ်ဝန်းကျင်ဒေသများ တည်ငြိမ်မှုရှိစေရေးတို့တွင်လည်း ကူညီထောက်ပံ့ ပေးသွားမည်ဟု သိရသည်။ အင်န်အိတ်ချ်ကေ