
ကဘူးလ် ဩဂုတ် ၂၀
အာဖဂန်နစ္စတန်တွင် တာလီဘန်များက တိုင်းပြည် ကို ထိန်းချုပ်ပြီးနောက် နိုင်ငံအတွင်းရှိယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကို ယူနက်စကို အဖွဲ့ကြီးက တောင်းဆိုခဲ့သည်။
ပြည်တွင်းစစ်ပွဲနှင့် အခြားသောပဋိပက္ခများ ကြောင့် အာဖဂန်နစ္စတန်တွင် ယဉ်ကျေးမှုအမွေ အနှစ်ပစ္စည်းများမှာ ဖျက်ဆီးခံခဲ့ရသည်။ အပြည် ပြည်ဆိုင်ရာဥပဒေများကို လေးစားလိုက်နာပြီး အာဖဂန်နစ္စတန်၏ ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်မှုပေးရန် ယူနက်စကိုမှ ညွှန်ကြားရေးမှူးချုပ် အာဒရီအက်ဇူလေက ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။
ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ဖျက်ဆီး ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ အကာအကွယ်ပေးနိုင် ရေးအတွက် လိုအပ်သည့် ကာကွယ်ပေးမှုများ ပြုလုပ်ရန်အတွက်လည်း ၎င်းက ဆက်လက် တောင်းဆိုခဲ့သည်။
အင်န်အိတ်ချ်ကေ