
ဘရပ်ဆဲလ် ဇန်နဝါရီ ၂၁
အာဖဂန်နစ္စတန်နိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိ ကန်ဒေါ်လာသန်း ၃၀၀ တန် အစီအစဉ်ကို ထောက်ပံ့ ပေးသွားမည်ဟု ဥရောပသမဂ္ဂ(အီးယူ) က ကြေညာ ခဲ့သည်။
အစားအသောက်ပြတ်လပ်မှုများဖြစ်ပေါ်
အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဩဂုတ် လအတွင်း တာလီဘန်များ အာဏာရယူပြီးသည့် အချိန်မှ စတင်ကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများနှင့် အစား အသောက်ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
အခြေအနေဆိုးရွား
နိုင်ငံရပ်ခြားရှိ အာဖဂန်အစိုးရပိုင် ပစ္စည်းများ ထိန်းချုပ်ခံရပြီးနောက် တိုင်းပြည်၏ ဘဏ္ဍာရေး အခြေအနေမှာလည်း ဆိုးရွားခဲ့သည်။
ထောက်ပံ့ပေးသွားမည်
ဆရာများကို လစာမပေးနိုင်သည့်အတွက် အချို့သောကျောင်းများကို ပိတ်ထားရဆဲဖြစ်သည်။ ယူရို ၂၆၈ ဒသမ ၃ သန်းကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် အာဖဂန်ပြည်သူများ၏ ပညာရေး၊ ပြည်သူ့ကျန်းမာရေးနှင့် လူနေထိုင်မှု ဘဝများအတွက် သုံးစွဲသွားရန် ထောက်ပံ့ပေးသွား မည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် အစိုးရကျောင်းများမှ ကျောင်းဆရာ ၁၉၀၀၀၀ အတွက် အရေးပေါ် ငွေကြေးထောက်ပံ့ပေးသွားရန်နှင့် ကျောင်းများတွင် ကလေးများကို နေ့လယ်စာကျွေးနိုင်ရေးအတွက် လည်း အကျုံးဝင်သည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ