အာဖဂန်နစ္စတန်နိုင်ငံအား ကန်ဒေါ်လာသန်း ၁၀၀ ခန့်တန်ဖိုးရှိ အထောက်အပံ့များ ပေးအပ်ရန် ဂျပန်နိုင်ငံအစိုးရ ဆုံးဖြတ်

တိုကျို  ဒီဇင်ဘာ  ၂၁


ဂျပန်နိုင်ငံအစိုးရသည်  အာဖဂန်နစ္စတန် နိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်တန်ဖိုးရှိ အထောက်အပံ့များ ပေးအပ် ရန် ဆုံးဖြတ်ခဲ့ကြောင်း ယနေ့သတင်းများ အရ သိရသည်။


စီးပွားရေး ကမောက်ကမဖြစ်ခဲ့


အာဖဂန်နစ္စတန်            နိုင်ငံအား တာလီဘန်တို့      သိမ်းပိုက်ပြီးနောက် လေးလကျော်ကာလတွင် အာဖဂန်နစ္စတန် နိုင်ငံ၏ စီးပွားရေးသည်လည်း ကမောက် ကမဖြစ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံလူဦးရေ၏  ခြောက်ရာခိုင်နှုန်းသည်     စားနပ်ရိက္ခာ              မလုံလောက်မှုများနှင့်   ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံ သည်   မိုးခေါင်ရေရှားမှု၊  ဆင်းရဲနွမ်းပါး မှုနှင့်      ကိုဗစ်-၁၉ ကပ်ရောဂါတို့ဖြင့်      ရင်ဆိုင်ကြုံတွေ့နေရကြောင်း   သိရသည်။ ဂျပန်နိုင်ငံက         ထောက်ပံ့ပေးမည့် အထောက်အပံ့များသည်  ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်နှင့်        ယူနီဆက်ဖ်တို့ အပါအဝင်     နိုင်ငံတကာအဖွဲ့အစည်း ၁၆ ခုမှတစ်ဆင့်      အစားအသောက်၊ သောက်သုံးရေနှင့်     ဆေးဘက်ဆိုင်ရာ ပစ္စည်းများ  ထောက်ပံ့ပေးမည့်အစီအစဉ် အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ် ကြောင်း သိရသည်။


ယခုဂျပန်နိုင်ငံအစိုးရက ထောက်ပံ့ ပေးမည့်အစီအစဉ်သည် အာဖဂန်နစ္စတန် နိုင်ငံအား    တာလီဘန်တို့    သိမ်းပိုက် ပြီးနောက်   ဒုတိယအကြိမ်ထောက်ပံ့ပေး မည့် အစီအစဉ်ဖြစ်ပြီး အောက်တိုဘာလ အတွင်းကလည်း   အာဖဂန်နစ္စတန် နိုင်ငံအား အမေရိကန်ဒေါ်လာ ၅၈ သန်း တန်ဖိုးရှိ အရေးပေါ်အထောက်အပံ့များပေးအပ်ခဲ့ကြောင်း သိရသည်။ 


ထို့ပြင်     ဂျပန်နိုင်ငံအစိုးရသည် အာဖဂန်နစ္စတန်      ပြည်သူများအား အထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံ အစိုးရ တာဝန်ရှိသူများက ပြောကြား သည်။


ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အလင်းသစ်