အာမခံအလုပ်သမားတစ်ဦး၏ အလုပ်ခွင် မတော်တဆထိခိုက်မှုအတွက် အကျိုးခံစားခွင့်ထုတ်ပေး

 

နေပြည်တော်     အောက်တိုဘာ    ၆


မကွေးမြို့နယ်   လူမှုဖူလုံရေးရုံးတွင်  အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အလုပ်ခွင်အတွင်း မတော်တဆ  ထိခိုက် ဒဏ်ရာရရှိသူအတွက်    အမြဲတမ်းမသန်စွမ်းမှု   အကျိုးခံစားခွင့်    ပေးအပ်ပွဲကို   မကွေးမြို့   ပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌  အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး   တာဝန်ခံအရာရှိ လက်ထောက်  ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက   ၂၀၁၂  ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ   ထုတ်ပေးခြင်းနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက်  တိုင်းဒေသကြီး   တာဝန်ခံအရာရှိ၊   မြို့နယ်ရုံးခွဲ တာဝန်ခံဦးစီးအရာရှိ  ဒေါ်ဝေဝေပိုင်နှင့် တာဝန်ခံဆရာဝန် ဒေါက်တာ ဒေါ်ခင်သီသီထွန်းတို့က အလုပ်ခွင်အတွင်း မတော်တဆထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်   အာမခံအလုပ်သမား     ဦးမျိုးလှိုင်ဝင်း (V Power    လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး) အတွက် အမြဲတမ်းမသန်စွမ်းမှု   အကျိုးခံစားခွင့် ငွေကျပ်  ၃၀၅၇၀၀၀ ကျော်ကို ပေးအပ်ခဲ့သည်။


သီဟစည်သူ