အာမခံအလုပ်သမားများ၏ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်ကျန်းမာရေးဝန်ဆောင်မှုပေးရန်လိုအပ်

 

ရန်ကုန်    ဖေဖော်ဝါရီ     ၂၃


အလုပ်သမား     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည်  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး   သာကေတမြို့နယ်ရှိ လူမှုဖူလုံရေးဆေးခန်းသို့    သွား ရောက်ကြည့်ရှုစစ်ဆေးရာ လူမှု ဖူလုံရေးအဖွဲ့    တိုင်းဒေသကြီး တာဝန်ခံက လူမှုဖူလုံရေးဆေးခန်း နှင့် တောင်ဥက္ကလာပ လူမှုဖူလုံရေး မြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့်  အခြေအနေများကို    ရှင်းလင်း တင်ပြသည်။ 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်     ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများ၏      အားကိုး ယုံကြည်ရသည့်    လူမှုဖူလုံရေး စီမံကိန်းဖြစ်စေရန်၊   အာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့် ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင် ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်  လိုအပ်ကြောင်း၊ ဆေးခန်းရှိ တာဝန်ရှိသူများအနေ ဖြင့် စေတနာထား၍   အားထည့် ဆောင်ရွက်ပေးစေ  လိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးခန်း သုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်း ခြင်း၊  သက်တမ်းလွန်၊   လေလွင့် ဆေးများမဖြစ်စေရန်   စီမံခြင်း၊ ဆေးခန်းလုံခြုံရေး     အလေးထား ဆောင်ရွက်ကြရန်၊    ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်    ပညာရှင် များဖြစ်သည့်အတွက်   ကျင့်ဝတ် စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန် အတွက်    ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက် ရန်လိုအပ်ကြောင်း    ပြောကြား ပြီး    တောင်ဥက္ကလာပမြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့်အခြေအနေ ကို လှည့်လည်စစ်ဆေးသည်။ 


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးသည် ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်ရှိ  အလုပ်သမားဝန်ကြီး ဌာန ဓမ္မာရုံကို စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ပြင်ဆင်ဆောင် ရွက်ရန် မှာကြားသည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက် ပိုင်း) မြို့နယ်ရှိ    ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော      ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်နေသည့် ကိုရီးယား သမ္မတနိုင်ငံတွင် အမှတ်ပေးစနစ် ဖြင့်     အလုပ်ခန့်ထားမည့်စနစ် (EPS) ဖြင့်    သွားရောက်   အလုပ် လုပ်ကိုင်မည့်     သင်တန်းသား အလုပ်သမားများကို  သွားရောက် တွေ့ဆုံအားပေးပြီး    သင်တန်း ကျောင်းအဆောက်အဦနှင့်ပတ်ဝန်း ကျင်စိမ်းလန်း    သာယာစေရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေး ကြည့်ရှု၍     လိုအပ်သည်များ မှာကြားခဲ့ကြောင်း     သတင်းရရှိ သည်။                      

သတင်းစဉ်