အာမခံအလုပ်သမားများအားလုံး ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်   နိုဝင်ဘာ   ၂၂
အလုပ်သမားဝန်ကြီးဌာန   လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 
အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှု ဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူ များ၊ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး  အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ က Online မှ တက်ရောက်ကြသည်။
အရှိန်အဟုန်မြှင့် ဆောင်ရွက် 
အစည်းအဝေးတွင်    အမျိုးသားအဆင့်   လူမှု ဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီးက  လူမှု ဖူလုံရေးအဖွဲ့သည်  အလုပ်ရှင်နှင့်  အလုပ်သမားများ အတွက်    နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့များကဲ့သို့ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှု (၄)ရပ်ဖြစ်သည့်  သတင်းအချက်အလက်နှင့်  နည်း ပညာကဏ္ဍပြုပြင်ပြောင်းလဲခြင်း    (IT Reform)၊ ကျန်းမာရေးစောင့်ရှောက်မှု  ဝန်ဆောင်ကဏ္ဍပြုပြင် ပြောင်းလဲခြင်း ( Medical Reform)၊ စီမံခန့်ခွဲရေး ကဏ္ဍပြုပြင်ပြောင်းလဲခြင်း    (Administrative Reform)နှင့်    ဥပဒေရေးရာကဏ္ဍပြုပြင်ပြောင်းလဲ ခြင်း (Legal Reform) တို့ကို  နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်  ဆောင်ရွက် လျက်ရှိကြောင်း။
ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ထန်းတပင်မြို့တို့ရှိ အလုပ်သမားဆေးရုံကြီးများတွင်    ကိုဗစ်-၁၉ Positive လူနာများထားရှိကုသနိုင်ရန် ကုသဆောင် များကို   ပြင်ဆင်ထားရှိပြီး  ကုသပေးလျက်ရှိသည့် အပြင် ကိုဗစ်-၁၉  ကာလအတွင်း PUI လူနာများကို နှာခေါင်းနှင့်အာခေါင်တို့ဖတ်ယူခြင်းနှင့် လိုအပ်သော  ဓာတ်ခွဲစမ်းသပ်မှုများ  ပြုလုပ်ပေးပြီး   လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆေးရုံများသို့  လွှဲပြောင်းပေးခြင်း ဆောင်ရွက်ပေးခဲ့ ကြောင်း။
ကိုဗစ်-၁၉ ပထမလှိုင်းကာလအတွင်း  လူမှုဖူလုံ ရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့်  ၄၀ ရာခိုင်နှုန်း ပေးအပ်မှုအနေဖြင့်  ယာယီပိတ်ထားခဲ့သည့်  စက်ရုံ၊   အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း ၉၀၁၇ ဌာန၊ အလုပ် သမားပေါင်း ၈၅၇၇၅၇ ဦးတို့အတွက်  ငွေကျပ်သန်း ၂၁၆၂၇ ဒသမ ၀၉၀ အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ဒုတိယ လှိုင်း   ကာလအတွင်းတွင်  စက်ရုံ၊  အလုပ်ရုံနှင့်  အလုပ်ဌာနပေါင်း ၉၁၁၆ ဌာန၊  အလုပ်သမားပေါင်း ၇၆၈၆၈၄ ဦးတို့အတွက် ငွေကျပ်သန်း ၄၈၇၁၃ ဒသမ ၉၉၅ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ကျန်ရှိနေသည့်  အလုပ်ဌာနများမှ   အာမခံအလုပ် သမားများကို   ဆက်လက်ခွင့်ပြုထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကာကွယ်ဆေး ထိုးနှံပေး
၂၀၂၁ ခုနှစ် မတ် ၁၄ ရက်မှ ၂၀၂၁ ခုနှစ် စက်တင် ဘာ ၃၀ ရက်အထိ ရှို့မီးကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့် စက်ရုံ၊ အလုပ်ရုံ  ၂၂ ရုံမှ အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမား  ၁၄၄၉၄  ဦးအတွက်  လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို   လူမှုဖူလုံရေးထောက်ပံ့ငွေအဖြစ် ငွေကျပ်သန်း ၈၂၈ ဒသမ ၅၅၁ ကို ခွင့်ပြုထုတ်ပေးခဲ့ ကြောင်း၊ ကိုဗစ်-၁၉ကာလအတွင်း  ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက်       လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့်      အာမခံအလုပ်သမားအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ       ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နိုဝင်ဘာ ၁၈ ရက်အထိ ပထမအကြိမ် ထိုးနှံပြီး ဦးရေ ၅၄၈၈၆၇ ဦး၊ ဒုတိယအကြိမ်  ထိုးနှံပြီးဦးရေ   ၃၃၃၇၂၈ ဦး စုစုပေါင်း ၈၈၂၅၉၅ ဦး ထိုးနှံပေးခဲ့ပြီး   အာမခံအလုပ် သမားများအားလုံး ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသ ကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ချုပ်က ယခင် (၁/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံ ရေးအဖွဲ့၏                   လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ရန် အမှာစာများကို  ရှင်းလင်းတင်ပြပြီး   လူမှုဖူလုံရေးအဖွဲ့၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက  သက်ဆိုင်ရာဌာနခွဲများ ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ ကြသည်။  
ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြ ပြီး အစည်းအဝေးတက်ရောက်လာသည့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက  အမှာစာများနှင့်   ဆုံးဖြတ်ရန် အချက်များကို ထောက်ခံအတည်ပြု ဆွေးနွေးတင်ပြ ကြသည်။
ဆက်လက်၍            အလုပ်ရှင်ကိုယ်စားလှယ် မြန်မာနိုင်ငံ   အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်    လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်    (AFFM-IUF)မှ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်သမားကိုယ်စား လှယ် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲ့ချုပ်(MSF)မှ  ဥက္ကဋ္ဌတို့က လိုအပ်သည် များကို   ရှင်းလင်းတင်ပြကြပြီး  လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က    ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)တွင်   ဆုံးဖြတ်ရန်  အချက် ၈ ချက်နှင့်    မှတ်တမ်းတင်ရန်အမှာစာ   အစောင်ရေ  ၄၉ စောင်ကို သဘောတူအတည်ပြု၍  ရှေ့လုပ်ငန်း စဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက  လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ၏   အကျိုးကို ရှေးရှုပြီး   အတူတကွ  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း    တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။                                                  သတင်းစဉ်