
နေပြည်တော် မတ် ၃၁
၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ရက် အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ မှ အုပ်ချုပ်/နည်းပြ၊ အားကစား သမားများအား ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ တွေ့ဆုံ အမှာစကားပြောကြား သည်။
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အိမ်ရှင်နိုင်ငံက (၃၂) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အားကစား နည်း ၄၀ ထည့်သွင်းကျင်းပသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ ကို နေပြည်တော်နှင့် ရန်ကုန်မြို့ တို့တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အချို့အားကစားနည်း များကို တရုတ်နိုင်ငံတွင်လည်း (Joint Training) ပူးတွဲလေ့ကျင့်မှု များ ပြုလုပ်ခဲ့ခြင်းဖြင့် ကြိုတင် ပြင်ဆင် လေ့ကျင့်ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ပြိုင်ပွဲသုံးပစ္စည်းများနှင့် ပြိုင်ပွဲဝင်ဝတ်စုံများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများကို လိုအပ်ချက်များ မရှိအောင် အဘက်ဘက်မှ ထောက်ပံ့ ဖြည့်ဆည်း ဆောင်ရွက်ပေးထား ကြောင်း၊ အားကစားသမားများ အား စိစစ်ရွေးချယ်ရာတွင် သတ်မှတ်စံနှုန်းအတိုင်း စံချိန် စံညွှန်းကောင်းမွန်ပြီး ထူးချွန် သည့် အကောင်းဆုံးအားကစား သမားများကိုသာ အားကစားနည်း အလိုက် ရွေးချယ်ရေးအဖွဲ့များဖြင့် မှန်မှန်ကန်ကန်စိစစ် ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ခြင်း မခံရသည့် အားကစားသမားများ အနေဖြင့် မိမိထက် အရည်အချင်း ပြည့်ဝပြီး ထူးချွန်သူများကို တာဝန်ရှိသူများက စနစ်တကျ မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ခဲ့ မှုများအပေါ် စိတ်ပျက်အားငယ် ခြင်းမပြုဘဲ နောင်လာမည့် ပြိုင်ပွဲ များတွင် ပိုမိုကောင်းမွန်ထူးချွန် သည့် အားကစားသမားများဖြစ် အောင် အစွမ်းကုန်ပြန်လည် ကြိုးစား လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်း ခံထားရသည့် အားကစားသမားများက လည်း နိုင်ငံ့ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် နောက်ဆုံးအချိန်ထိ မဆုတ်မနစ် သော ဇွဲ၊ စိတ်ဓာတ်၊ လုံ့လ၊ ဝီရိယ တို့ဖြင့် အားသွန်ခွန်စိုက် အစွမ်း ကုန် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုကြောင်း၊ တားမြစ်ဆေးဝါး သုံးစွဲခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာကိုထိခိုက်စေပြီး ဆုတံဆိပ်ရရှိမည့် အခွင့်အရေး ဆုံးရှုံးနိုင်သည့် အတွက် မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာ နိုင်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားအဖွဲ့များအားလုံး တားမြစ်ဆေးဝါး သုံးစွဲမှုမရှိစေရေး အုပ်ချုပ်/နည်းပြများအနေဖြင့် အားကစား သမားများအား အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန် လိုကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် အားကစား သမားများ၏ ကြိုးစားခဲ့မှုများကို အသိအမှတ်ပြုသည့် အနေဖြင့် နိုင်ငံတော်မှ အောင်မြင်မှုဆုတံ ဆိပ်ရရှိခဲ့သူများကို ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ ကြောင်း၊ လာမည့် (၃၂) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် များ ယခင်နှစ်ထက် ပိုမိုရရှိအောင် ဆောင်ရွက်ကြရမည့်အပြင် နိုင်ငံ အလိုက် အဆင့်တက်အောင် ပိုမိုကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် နိုင်ငံ တော်အကြီးအကဲမှ လမ်းညွှန် မှာကြားထားသည့် အတွက် အားကစားသမားများ အနေဖြင့် ရွှေတံဆိပ်ဆုများ ပိုမိုရရှိအောင် အစွမ်းကုန် ကြိုးစားအားထုတ် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ နည်းပြများ အနေဖြင့် အားကစားသမားများက ယုံကြည်အားကိုး လေးစားမှုရှိ သည့် နည်းပြဆရာကောင်းများ ဖြစ်အောင် ပြုမူနေထိုင်ပြောဆို၍ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အားကစားသမား မောင်မယ်များအနေဖြင့် မိမိကိုယ် ကို ဂုဏ်ယူစွာဖြင့် နေထိုင် လုပ်ဆောင်သွားကြရန်လိုကြောင်း၊ အားကစားအဖွဲ့များ အားလုံး အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်အောင် အစွမ်းကုန် ကြိုးစား လေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်း မြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်း ဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန် ကြားရေးမှူးများနှင့် ပြိုင်ပွဲဝင် အုပ်ချုပ်/နည်းပြ၊ အားကစား သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်