အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော်ကျင်းပ

 

နေပြည်တော်   ဧပြီ   ၁၄


၁၃၈၄  ခုနှစ် မြန်မာ့ရိုးရာ   မဟာ သင်္ကြန်   ပွဲတော်ကာလဖြစ်သည့် ဧပြီ ၁၄ ရက်မှ  ၁၆  ရက်အထိ ကျင်းပမည့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန      မိသားစု လမ်းလျှောက်သင်္ကြန်      ပွဲတော် အခမ်းအနားကို ယနေ့ (အကျနေ့) နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ     အားကစားကွင်း၌ ကျင်းပသည်။

 


ဦးစွာ  ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည်    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲ အသီးသီးမှ      ကျွေးမွေးသည့် မြန်မာ့ရိုးရာ    အစားအစာများကို ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင် များနှင့်အတူ     ပျော်ပျော်ပါးပါး စားသောက်ကြပြီး လမ်းလျှောက် သင်္ကြန်(အကျနေ့)အား ပျော်ပျော် ရွှင်ရွှင်ဆင်နွှဲနေမှုများကို ကြည့်ရှု အားပေးကြသည်။

 


ဆက်လက်ပြီး  ဌာနခွဲများမှ ဝန်ထမ်းများက    မြန်မာ့ရိုးရာ သင်္ကြန်သီချင်းများ၊ သင်္ကြန်အက များ၊ Fitness Dance   များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးကြပြီး    ပြည်ထောင်စု ဝန်ကြီးက    ဖျော်ဖြေရေးအဖွဲ့များ အား   ဆုကြေးငွေများ    ပေးအပ် ချီးမြှင့်သည်။

 

ပျော်ရွှင်စွာပါဝင်ဆင်နွှဲ


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေး  စခန်း၊ အားကစားမောင်မယ်များ အတာ သင်္ကြန်မဏ္ဍပ်၌ မြန်မာနိုင်ငံတွင် ပူးတွဲလာရောက်လေ့ကျင့်လျက် ရှိသည့်     ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံး   အားကစားမောင်မယ် များ၊        မြန်မာ့လက်ရွေးစင် အားကစား    မောင်မယ်များနှင့် လူငယ်အားကစား   လေ့ကျင့်ရေး စခန်းမှ အားကစားမောင်မယ်များ ၏   ပျော်ပျော်ပါးပါး    ရေပက် ကစားနေမှုများကိုလည်းကောင်း၊ အားကစားအဖွဲ့များမှ အားကစား မောင်မယ်များ၏ သင်္ကြန်သီချင်း၊ သင်္ကြန်အကများဖြင့်    ဖျော်ဖြေ တင်ဆက်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး   မြန်မာ့ ရိုးရာ အတာသင်္ကြန်(အကျနေ့)အား ပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲကြ သည်။

 


အဆိုပါ   မြန်မာ့ရိုးရာ  မဟာ သင်္ကြန်ပွဲတော်(အကျနေ့)အခမ်း အနားသို့   အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးမင်းသိန်းဇံနှင့်    ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြ သော   ဦးထွန်းမြင့်ဦးနှင့်  ဇနီး၊ ဦးနေဝင်း၊    ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာ ထမ်း/အမှုထမ်းများနှင့်  ဝန်ထမ်း မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။

သတင်းစဉ်