အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

ဘားအံ   ဒီဇင်ဘာ   ၁၉


၂၀၂၁  ခုနှစ်  ကရင်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်  ဆုချီးမြှင့်ပွဲကို  ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမရှေ့  ကန်သာယာ၌ ကျင်းပရာ အမျိုးသား/အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲ၊ ၃ တက်လှော်ပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်များကို  ကရင်ပြည်နယ် ဝန်ကြီးချုပ်  ဦးစောမြင့်ဦး၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြည့်ရှုသည်။

 


ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး  ပွဲစဉ်ပေါင်း   ခြောက်ပွဲကို   ယှဉ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ကုန်သည်များနှင့်      စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း  ဥက္ကဋ္ဌ  ဦးဇော်ဌေးက  ရေပြင်သက်ကယ် အဖွဲ့အား  ဂုဏ်ပြုဆုများကိုလည်ကောင်း၊ ပြည်နယ် အားကစားနှင့်   ကာယပညာဦးစီးဌာန   ညွှန်ကြား ရေးမှူး ဦးစိုးနိုင်က ပြိုင်ပွဲတွင်ပံ့ပိုးကူညီပေးသူများ အား ဂုဏ်ပြုဆုများကိုလည်းကောင်း   ပေးအပ်ချီးမြှင့် ပြီး ပြည်နယ်အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်   ပြည်နယ်တရား  လွှတ်တော်တရားသူကြီးချုပ်  ဦးသိန်းကိုကိုတို့က အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုးသမီးသုံးယောက် တွဲပြိုင်ပွဲ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး (၅)ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသား (၅) ယောက်တွဲပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အသင်းများ အား    ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး     ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသား (၅) ယောက် တွဲပြိုင်ပွဲတွင်   ပထမဆုရရှိသော   မြို့မတိုက်နယ် လှေလှော်အသင်းအား  ငွေသားဆုနှင့် တံခွန်စိုက်ဆု ဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)