အာဂျင်တီးနားနိုင်ငံတွင်  ကိုဗစ်- ၁၉ ကြောင့်  တစ်ရက်အတွင်း သေဆုံးသူ ၆၂၁ ဦးရှိ 


 

ဗျူနိုအေရိစ်   ဇူလိုင်   ၆


အာဂျင်တီးနားနိုင်ငံတွင် ဇူလိုင် ၅ ရက်က ကိုဗစ် - ၁၉ နောက်ထပ် ကူးစက်ခံရသူ ၁၇၂၇၇ ဦးရှိခဲ့ပြီး သေဆုံး သူ ၆၂၁ ဦးရှိသည်ဟု သိရ သည်။ 
အာဂျင်တီးနားနိုင်ငံသည် ကိုဗစ်-၁၉ ဗီဇပြောင်းဒယ်လ်တာကူးစက်မှုများကို      အရှိန်ရပ်တန့်နိုင်ရေး   ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ 
အာဂျင်တီးနားနိုင်ငံတွင်   ဒယ်လ်တာကူးစက်မှု   ငါးဦးတွေ့ရှိ ရပြီးနောက် ယင်းသို့ ကြိုးပမ်းနေခြင်းဖြစ်သည်။  
တောင်အမေရိနိုင်ငံ   တစ်နိုင်ငံဖြစ်သည့်   အာဂျင်တီးနားတွင်  အသွားအလာပိတ်ဆို့ကန့်သတ်မှု အချိန် ကို တိုးမြှင့်ခဲ့ပြီး လူအချင်းချင်း   ခပ်ခွာခွာနေရမည့်    စည်းကမ်းသတ်မှတ်ချက်ကို   ဇူလိုင်  ၉  ရက်အထိ သတ်မှတ်ထားသည်ဟု သိရသည်။
ဆင်ဟွာ