အာဆင်နယ်ကို အနိုင်ယူပြီး အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲ လိုင်ယွန်တက်လှမ်း

 

 

 

အမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လိုင်ယွန်နှင့် အာဆင် နယ်အသင်းပွဲစဉ်ကို မေ ၂ ရက်ညပိုင်းက ဂရုပါမာကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ လိုင်ယွန်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

 

ထို့ကြောင့် လိုင်ယွန်အသင်းသည် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-သုံးဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ လက်ရှိချန်ပီယံအာဆင်နယ်အသင်းသည် ပထမအကျော့တွင် လိုင်ယွန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ယခုဒုတိယအကျော့တွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် ဗိုလ်လုပွဲ တက်လှမ်းခွင့်လွဲချော်ခဲ့ပြီ ဖြစ်သည်။

 

လိုင်ယွန်အသင်းသည် အိမ်ကွင်းအားသာချက်ကို အသုံးချကာရရှိလာသည့် အခွင့်အရေးများကို သွင်းဂိုးများအဖြစ် ပြောင်းလဲပြီး အရေးပါသည့် ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။