အာဆီယံတပ်မတော်များ၏ ဘော်လီဘောပြိုင်ပွဲ ၂၀၂၃ သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော်ဘော်လီဘောအသင်းအား ပို့ဆောင်နှုတ်ဆက်

 

နေပြည်တော် စက်တင်ဘာ ၃၀


ဗီယက်နမ်ဆိုရှယ်လစ်    သမ္မတ နိုင်ငံ   ဟိုချီမင်းမြို့၌   ယနေ့မှ အောက်တိုဘာ   ၁၀ ရက်အထိ ကျင်းပပြုလုပ်မည့်    အာဆီယံ တပ်မတော်များ၏  ဘော်လီဘော ပြိုင်ပွဲ   ၂၀၂၃  သို့     သွားရောက် ယှဉ်ပြိုင်မည့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ    ဗိုလ်မှူးကြီး ဇော်မင်းစိုး ဦးဆောင်သည့် မြန်မာ့ တပ်မတော် ဘော်လီဘောအသင်း မှ အဖွဲ့ဝင် ၂၀  တို့သည်  ရန်ကုန် မြို့မှ       ယနေ့ညနေပိုင်းတွင်   ဗီယက်နမ်   ဆိုရှယ်လစ်သမ္မတ နိုင်ငံ    ဟိုချီမင်းမြို့သို့    ထွက်ခွာ သည်။


အဆိုပါ  မြန်မာ့တပ်မတော် ဘော်လီဘောအသင်းအား ရန်ကုန်  တိုင်းစစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်    တာဝန် ရှိသူများက         တွေ့ဆုံအားပေး စကားပြောကြား၍       ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။    

သတင်းစဉ်