
နေပြည်တော် ဩဂုတ် ၁၄
အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ Veterans Confederation of ASEAN Countries (VECONAC) ၏ ချီးကျူးဂုဏ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် ဗဟိုအမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များ VECONAC ၏ ချီးကျူးဂုဏ်ပြုလွှာ လက်ခံရရှိသော ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ဗိုလ်ချုပ်ဇာနည်ဝင်း (အငြိမ်းစား) တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ဌာနချုပ်မှူးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ (VECONAC) ၏ ချီးကျူးဂုဏ်ပြုလွှာများ ပေးအပ် ခြင်းသည် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ နှင့် အဖွဲ့ဝင်သက်ဆိုင်ရာနိုင်ငံများမှ စစ်မှုထမ်းဟောင်း အဖွဲ့၏အကျိုးအတွက် စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့သူများကို VECONAC ၏ (၂၃) ကြိမ်မြောက် အထွေထွေညီလာခံဆုံးဖြတ်ချက် (၂၃-၄) အရ ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသ ခြင်းဖြစ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) က အမှာစကားပြောကြားပြီး VECONAC ၏ ချီးကျူးဂုဏ်ပြုလွှာ လက်ခံရရှိသူများ ကို ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ကာ ချီးကျူးဂုဏ်ပြုလွှာ လက်ခံရရှိသူများကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်