အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ခွင့်ရမည်

 

ရန်ကုန်   ဇန်နဝါရီ   ၃


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကာလအတန်ကြာ    ကျင်းပနိုင် ခြင်းမရှိသည့်     အာဆီယံကလပ်  ချန်ပီယံရှစ်ပြိုင်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပရန်  စီစဉ်နေပြီး လိဂ်ချန်ပီယံ      ရှမ်းယူနိုက်တက် အသင်း            ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။


အာဆီယံ ဘောလုံးအဖွဲ့ချုပ် သည် ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံ ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ် ပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လ နောက် ဆုံးအဆင့်    ပွဲစဉ်များကို    ၂၀၂၄ ခုနှစ် သြဂုတ်မှ ၂၀၂၅ ခုနှစ် မေလ အထိ     ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင်     အရှေ့တောင် အာရှဒေသတွင်းမှ ကလပ်အသင်း များ  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ပြီး အဆင့်သတ်မှတ်ချက်မြင့်မား  သည့် နိုင်ငံများအနေဖြင့် တစ်နိုင်ငံ လျှင်  နှစ်သင်းယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တစ်သင်းသာ    ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ပြီး     ပြိုင်ပွဲကျင်းပဖြစ်ပါက လိဂ်ချန်ပီယံ      ရှမ်းယူနိုက်တက် အသင်း ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာကလပ်များအနေဖြင့် ယခင်က  အာရှဘောလုံးအဖွဲ့ချုပ်က  ကျင်းပသည့်  ကလပ်ပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း ယခုပြိုင်ပွဲကျင်းပမည်ဖြစ်သောကြောင့် ပြိုင်ပွဲ တစ်ခု ထပ်တိုးလာခြင်းဖြစ်သည်။


၂၀၀၃ နှင့် ၂၀၀၅ ခုနှစ်တွင် ကျင်းပပြီးနောက် ဆယ်စုနှစ် နှစ်ခုနီးပါး ကျင်းပနိုင်ခြင်းမရှိသည့် အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပြီးခဲ့သည့် နှစ်အနည်းငယ်ကတည်းက ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကပ်ရောဂါကြောင့် ပျက်ပြယ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ရာသီတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။                                          

  ရဲရင့်လွင်၊  ဓာတ်ပုံ-သော်လေး