
နေပြည်တော် နိုဝင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်၍ နိုင်ငံတကာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်း တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံက ဦးစီးကျင်းပသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (ADMM Retreat) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် အာဆီယံ-ကိုရီးယား ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘော အစည်း အဝေး၊ အာဆီယံ-ဩစတြေးလျ ကာကွယ် ရေးဝန်ကြီးများ အလွတ်သဘောအစည်း အဝေးများသို့ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြ သည်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီး များ၊ ဒုတိယကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံ များမှ ကာကွယ်ရေးဝန်ကြီးများက “ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကာလ အတွင်း ပေါ်ပေါက်လာနေသော ဒေသ တွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ADMM ၏ အနာဂတ်ဦးစားပေး ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များ” နှင့်စပ်လျဉ်း၍ နိုင်ငံအလိုက် အမြင်သဘောထားများ အား ဆွေးနွေးဖလှယ်ကြသည်။
ထို့အပြင် အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးနှင့် အာဆီယံ-ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများတွင် လည်း အာဆီယံနိုင်ငံများနှင့် ၎င်းနိုင်ငံတို့ အကြား ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီး များအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ကြသည်။
အစည်းအဝေးများအပြီးတွင် ၂၀၂၁ ခုနှစ်အတွက် အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် အလှည့်ကျဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည့် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး (၂) The Honorable Pehin Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji Md Yussof က ၂၀၂၂ ခုနှစ် အတွက် အာဆီယံကာကွယ်ရေးဝန်ကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများတွင် အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး General Tea Banh ထံသို့ ဥက္ကဋ္ဌတာဝန်နှင့် အထိမ်း အမှတ်ပစ္စည်းများ လွှဲပြောင်းပေးအပ် သည်။
သတင်းစဉ်