
နေပြည်တော် စက်တင်ဘာ ၂၂
(၁၆) ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် စုံညီ အစည်းအဝေး (16th AMMTC) ကို စက်တင်ဘာ ၂၁ ရက်တွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။ ၎င်း၏ ဆက်စပ်အစည်းအဝေးများ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီး ယား၊ အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား)တို့နှင့် ပြုလုပ်သော အစည်းအဝေးများကို ယနေ့ နံနက် ၇ နာရီတွင် ဆက်လက် ကျင်းပရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီး အဆင့် AMMTC ခေါင်းဆောင်များ နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ဒုတိယအတွင်းရေးမှူး ချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပူးတွဲကြေညာချက် အတည်ပြု
9th AMMTC + China ညှိနှိုင်း ဆွေးနွေးမှု အစည်းအဝေးကို နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiao Hong (မစ္စတာ ဝမ်ရှောင်းဟုန်) တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်း အဝေးတွင် အာဆီယံနှင့် တရုတ် နိုင်ငံတို့အကြား ချုပ်ဆိုထား သော နားလည်မှုစာချွန်လွှာ ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃) နှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းနှင့် ပူးတွဲ ကြေညာချက် အတည်ပြုခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။
ပူးတွဲသဘာပတိ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး / ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က သမားရိုးကျမဟုတ်သော လုံခြုံ ရေးအခန်းကဏ္ဍ၌ ဖြစ်ပေါ်နေ သည့် စိန်ခေါ်မှုများကို ဖြေရှင်း ဆောင်ရွက်နိုင်မည့်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်ယုံကြည် မှု ခိုင်မာအားကောင်းစေမည့် နည်းလမ်းများ ဖော်ထုတ်သွား ကြမည်ဖြစ်ပါကြောင်း၊ ဖော်ထုတ် ရရှိသည့် နည်းလမ်းများ ကို အကောင်အထည်ဖော်ရာတွင် ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ၊ သက်ဆိုင်ရာ နိုင်ငံ အသီးသီး၏ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်တွင် ခိုအောင်းနေသော ရာဇဝတ်ဂိုဏ်း များကို ထိရောက်စွာ တိုက်ဖျက် နိုင်ရေး အလေးထားဆောင်ရွက် ပေးရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
နည်းပညာတိုးမြှင့်အသုံးပြုလာ
ယင်းနောက် 12th AMMTC + 3 (တရုတ်၊ ဂျပန်၊ ကိုရီးယား) တို့နှင့် ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေး ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတို့မှ ဝန်ကြီးအဆင့် ဦးဆောင် သော ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြသည်။ အဆိုပါအစည်း အဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် က ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် ခြိမ်းခြောက်မှုသည် လွန်ခဲ့သည့် နှစ်များမှစတင်၍ သိသာထင်ရှား စွာ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ် လာခဲ့ပါကြောင်း၊ အကြမ်းဖက် သမားများသည် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ (ICT) အပါအဝင် ဆန်းသစ်သော နည်းပညာရပ်များ ကို တိုးမြှင့်အသုံးပြုလာကြပါ ကြောင်း၊ ထို့ပြင် ၎င်းတို့သည် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ (IEDs) နှင့် Drone များကို တွဲဖက် အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက် မှုများ ပြုလုပ်လာကြပါကြောင်း၊ နောင်အနာဂတ်တွင် အကြမ်းဖက် သမားများသည် Drone များကို အသုံးပြု၍ ပြင်းအားမြှင့်ဖောက်ခွဲ ရေးပစ္စည်းများဖြင့် ပိုမိုဆောင်ရွက် လာကြမည်ဖြစ်ပါကြောင်း၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် World Trade Center တိုက်ခိုက် ခံရမှုကဲ့သို့ ခေတ်သစ် ၉/၁၁ တိုက်ခိုက်မှုကြီးမျိုး ကျူးလွန် နိုင်သည့် ကြိုးပမ်းဆောင်ရွက် မှုမျိုး ပြုလုပ်လာနိုင်ပါကြောင်း၊ လက်နက်မှောင်ခိုမှုခင်းများသည် အကြမ်းဖက်အုပ်စုများနှင့် ချိတ် ဆက်မှုရှိနေသဖြင့် လူ့အသိုင်း အဝိုင်းများ လုံခြုံဘေးကင်းမှုတွင် ခြိမ်းခြောက်မှုဖြစ်စေပါကြောင်း၊ အာဆီယံ + ၃ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ လုပ်ငန်းစီမံချက် မူဘောင်မှ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်အတွင်း သိမ်းဆည်းရမိ သော Drone များကို ခွဲခြမ်း စိတ်ဖြာ၍ ဒစ်ဂျစ်တယ်သက်သေခံ အထောက်အထားများ ဖော်ထုတ် ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ပြုလုပ်ပေးစေလို ပါကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် နံနက် ၁၁ နာရီတွင် 7th AMMTC + Japan ညှိနှိုင်း ဆွေးနွေးမှု အစည်းအဝေးကို လည်းကောင်း၊ မွန်းလွဲ ၂နာရီခွဲ တွင် 3rd AMMTC + ROK ညှိနှိုင်း ဆွေးနွေးမှု အစည်းအဝေးကို လည်းကောင်းကျင်းပရာ အစည်း အဝေးများတွင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက် ကားမှု၊ လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှု၊ နိုင်ငံတကာစီးပွားရေး မှုခင်း၊ အကျဉ်းသားများ၊ လူဝင်မှု ကြီးကြပ်ရေး၊ စုံစမ်းစစ်ဆေးရေး နှင့် နည်းပညာမြင့်သောမှုခင်းများ စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များအတွက် စွမ်းရည်မြှင့်တင်ခြင်း နှင့် သတင်းအချက်အလက်၊ ကောင်းမွန်သော လုပ်ထုံး လုပ်နည်းများနှင့် နည်းပညာ ကျွမ်းကျင်မှုများ ဖလှယ်ခြင်းမှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို လက်ရှိ ပူးပေါင်း ဆောင်ရွက်နေသော လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ မူဘောင်မှ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် AMMTC ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပရာ ၂၀၂၃ ခုနှစ်တွင် နိုင်ငံဖြတ်ကျော်မှုခင်း များ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်း အဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ AMMTC ဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်