အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်ဆောင်ရေးကော်မတီအောက်ရှိ ကောင်းမွန်သော စီမံမှုလုပ်ထုံးလုပ်နည်းကျင့်သုံးရေးဆိုင်ရာလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းစည်းဝေး

 

နေပြည်တော်  ဇွန်   ၂၃


အာဆီယံစီးပွားရေး   အသိုက်အဝန်း   (ASEAN Economic Community–AEC) ၂၀၂၅ အကောင် အထည်ဖော်ဆောင်ရေးကော်မတီမှ ဖွဲ့စည်းပေးထား သော “ကောင်းမွန်သောစီမံမှု   လုပ်ထုံးလုပ်နည်း ကျင့်သုံးရေး (Good Regulatory Practice–GRP) ဆိုင်ရာလုပ်ငန်းကော်မတီ” ၏ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့    လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင်   လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက   အမှာစကားပြောကြားရာတွင် အာဆီယံအသိုက်အဝန်း၏ မဏ္ဍိုင်ကြီးသုံးခုအနက် အာဆီယံစီးပွားရေးအသိုက်အဝန်း   လမ်းပြမြေပုံ ၂၀၂၅ တွင်ပါရှိသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ   ၂၂  ခုကို  သက်ဆိုင်ရာကဏ္ဍ အလိုက် ဖွဲ့စည်းထားရှိရာ “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေးဆိုင်ရာ   လုပ်ငန်း ကော်မတီ” သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် GRP စီမံချက်အရ GRP ရည်မှန်းချက်များပြည့်မီအောင်  ဆောင်ရွက်ရေး၊ စီမံချက်ပါ   ဦးစားပေးလုပ်ငန်း    နယ်ပယ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ စီမံချက် ပါ မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်းနှင့် စောင့်ကြည့်အကဲဖြတ်ခြင်း၊ ပြန်လည် သုံးသပ်ခြင်းနှင့် ဆန်းစစ်လေ့လာခြင်းတို့ ပြုလုပ်သွား နိုင်ရေး၊ ရိုးရှင်းလွယ်ကူပြီး ပွင့်လင်းမြင်သာမှုရှိသော၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြစ်ရေး၊ ပိုမိုကောင်းမွန် သော စီမံမှုလုပ်ထုံးလုပ်နည်းနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို    ဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေ နိုင်ခြင်းနှင့်  ကုန်ထုတ်လုပ်မှုစွမ်းအားများအား ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ခြင်းတို့ ရရှိလာပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို  အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊     ထို့ပြင်     အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့်         အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင်   တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် လုပ်ငန်းကော်မတီအစည်းအဝေးကို အစီအစဉ်အတိုင်းကျင်းပပြီး ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး က ကော်မတီအဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးမှုများ အပေါ်   ပြန်လည်ရှင်းလင်းဆွေးနွေး၍  ဆက်လက် ဆောင်ရွက်မည့်   ရှေ့လုပ်ငန်းစဉ်များကို   ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။              

သတင်းစဉ်