အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်စာတမ်းရေးဆွဲမှုနှင့် စပ်လျဉ်း၍ အာဆီယံမဏ္ဍိုင်(၃)ရပ်ရှိ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၂၀ 
အာဆီယံအသိုက်အဝန်း    ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေး နှင့် စပ်လျဉ်း၍   အာဆီယံမဏ္ဍိုင် (၃)ရပ်ရှိ  ဝန်ကြီးဌာနများအကြား ညှိနှိုင်း  အစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၀ ရက်တွင်  နိုင်ငံခြားရေး ဝန်ကြီးဌာန    နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက အမှာစကား ပြောကြားရာတွင်    အာဆီယံ အသိုက်အဝန်း   ‌၂၀၂၅   အလွန် မျှော်မှန်းချက်  ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့မှ ဆောင် ရွက်လျက်ရှိသည့်  လုပ်ငန်းစဉ်များ ၏ တိုးတက်မှုကို  ကျေနပ်အားရ ကြောင်း၊  ဝန်ကြီးဌာနကိုယ်စား လှယ်များအနေဖြင့်  သက်ဆိုင်ရာ ကဏ္ဍများတွင် ကြုံတွေ့နေရသည့် လက်ရှိစိန်ခေါ်မှုများနှင့် အနာဂတ် စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်း ထားရန်နှင့် အနာဂတ်လုပ်ငန်းစဉ် များကို   အဆိုပြုဆွေးနွေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဆက်လက်ပြီး အာဆီယံအနာဂတ် မျှော်မှန်းချက်ကို  ဆွေးနွေးရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အမျိုးသား     စီမံကိန်းများနှင့် ကိုက်ညီစွာ    ထည့်သွင်းဆွေးနွေး ခြင်းဖြင့်      ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုမှ  အမျိုးသားအကျိုး စီးပွားကို   ဖြစ်ထွန်းစေမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက်   အာဆီယံအသိုက် အဝန်း   မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာ   အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-ACV)       မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဒေါက်တာဝါဝါမောင် က အာဆီယံအသိုက်အဝန်း  မျှော်မှန်း ချက်ရေးဆွဲရေးဆိုင်ရာ  အဆင့်မြင့် လုပ်ငန်းအဖွဲ့၏   နောက်ခံသမိုင်း၊ လုပ်ငန်းစဉ်၊   ဖြစ်ပေါ်တိုးတက်မှု၊ ရှေ့လုပ်ငန်းစဉ်များကို   ရှင်းလင်း ပြောကြားခဲ့ပြီး အာဆီယံမျှော်မှန်း ချက် ၂၀၄၅ စာတမ်း မူကြမ်းအပေါ် ညှိနှိုင်း ဆွေးနွေးမှုအခြေအနေများ နှင့်    စိန်ခေါ်မှုများကို   ဆွေးနွေး ပြောကြားသည်။
ထို့နောက်        အစည်းအဝေး တက်ရောက်လာသည့်   အာဆီယံ မဏ္ဍိုင် (၃) ရပ်အောက်ရှိ  ဝန်ကြီး ဌာနများမှ  ကိုယ်စားလှယ်များက သက်ဆိုင်ရာ        ကဏ္ဍအလိုက် အကောင်အထည်ဖော်လျက်     ရှိ သည့်  လုပ်ငန်းစဉ်များ၏  ဖြစ်ပေါ် တိုးတက်မှုများ၊   စိန်ခေါ်မှုများနှင့် အနာဂတ်မျှော်မှန်းချက်များအား    ဆွေးနွေးတင်ပြသည်။  ဆွေးနွေး ပွဲသို့ ဝန်ကြီးဌာန စုစုပေါင်း ၂၇  ခုမှ   ကိုယ်စားလှယ်များ       ပါဝင် တက်ရောက်ကြသည်။  သတင်းစဉ်