အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နေပြည်တော်မှ ပြန်လည်ထွက်ခွာ

 

နေပြည်တော်   ဇူလိုင်   ၁


ကမ္ဘောဒီးယားနိုင်ငံ    ဒုတိယ ဝန်ကြီးချုပ်    နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ        ပူးပေါင်း ဆောင်ရွက်ရေး      ဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ် မစ္စတာ ပရပ်ဆုတ်ခွန်းသည် ယနေ့   ညနေပိုင်းတွင်   နေပြည် တော်မှ ပြန်လည်ထွက်ခွာသည်။ ဧည့်သည်တော်အဖွဲ့ကို  နိုင်ငံခြား ရေးဝန်ကြီးဌာန   သံအမတ်ကြီး ဦးအောင်စိုးဝင်း၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် ကောင်စစ်ရေးရာ နှင့်     ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်   ဦးကျော် တင်ရှိန်တို့က     နေပြည်တော် အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


သတင်းစဉ်