အာဆီယံ ယူ - ၁၆ ပြိုင်ပွဲတွင် မြန်မာအသင်း ကမ္ဘောဒီးယားနှင့် စတင်ကစားရမည်

ရန်ကုန်  ဇွန်  ၈
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံ ရှစ်ပြိုင်ပွဲအုပ်စုပွဲစဉ်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာအသင်း သည်  ကမ္ဘောဒီးယားအသင်းနှင့်   စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် ဇွန် ၂၂ ရက်တွင် ကမ္ဘောဒီးယားအသင်း၊ ဇွန် ၂၅ ရက်တွင် ဘရူနိုင်းအသင်း၊ ဇွန် ၂၈ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဇွန် ၂၁ ရက်မှ ဇူလိုင် ၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် အိမ်ရှင်အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘော ဒီးယား၊ ဘရူနိုင်း၊ အုပ်စု (ဂ) တွင် ထိုင်း၊ မလေးရှား၊ တီမောနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။  ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးသုံးသင်းနှင့် ဒုတိယနေရာရအသင်းများ အနက် အကောင်းဆုံးတစ်သင်း စုစုပေါင်း လေးသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား မီတမီချီတာယုက   ကိုင်တွယ်နေပြီး  ၎င်းလက်ထက်   ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ပြိုင်ပွဲမတိုင်မီ ပြည်တွင်း ခြေစမ်းပွဲများသာ ကစားရသေးသလို ကစားသမားများ အတွေ့ အကြုံရစေရန် Junior Lions အသင်းအမည်ဖြင့် MNL ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။         ရဲရင့်လွင်