
နေပြည်တော် ဧပြီ ၂၅
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး Mr.Tang Renjian ၏ ဖိတ်ကြားချက်အရ ဧပြီ (၂၅) ရက်မှ (၂၇) ရက်အထိ ကျင်းပမည့် အာဆီယံ−တရုတ် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေ ရေး အထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်း အနား၊ အာဆီယံ-တရုတ် ဒစ်ဂျစ် တယ် နည်းပညာအသုံးပြု စိုက်ပျိုး ရေးဆိုင်ရာ ဖိုရမ်နှင့် (၂၄) ကြိမ် မြောက် သိပ္ပံနည်းကျစိုက်ပျိုးထား သည့် ဟင်းသီးဟင်းရွက်ပြပွဲများ သို့ တက်ရောက်ရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေ လင်း တို့သည် ယနေ့ဒေသစံတော် ချိန် နံနက် (၉) နာရီတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေး နှင့် ကျေးလက်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Ma Youxiang ဦးဆောင်သော တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သင့်သည့် လုပ်ငန်း များနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား လယ်ယာထွက်ကုန် များဖြစ်သည့် သီးနှံထွက်ကုန်များ သာမက ပြုပြင်ထားသော အေးခဲ အမဲသား၊ အေးခဲဆိတ်သားနှင့် အေးခဲဘဲသား စသည်တို့ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲ ကော်မတီအောက်တွင် လယ်ယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကော်မတီ အစည်းအဝေး ဆက်လက်ကျင်းပနိုင်ရေး၊ မြန်မာ နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက် ရေးရာဝန်ကြီးဌာန ပုဂ္ဂလိက ကဏ္ဍမှ ကုမ္ပဏီများပူးပေါင်းပြီး စပ်မျိုး နေကြာနှင့် အာလူးမျိုး အပါအဝင် အခြားအရေးကြီး သီးနှံ များ၏ မျိုးမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် နယ်စပ် ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါ ထိန်းချုပ်မှု လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်အနီးရှိ ကွတ်ခိုင်မြို့နယ်၌ တိရစ္ဆာန်ရောဂါ စောင့်ကြည့်ရေးစခန်းကို တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင် များ လာရောက်စစ်ဆေး၍ အတည်ပြုနိုင်ရေး၊ မြန်မာ့မွေးမြူ ရေး တောင်သူများ၏ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ အောင် မြင်စွာ တိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ နည်းပညာနှင့် မျိုးကောင်း မျိုးသန့်များ ကူညီထောက်ပံ့ပေး နိုင်ရေး၊ မြန်မာနိုင်ငံ၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေရရှိရေး၊ ဆင်းရဲမှုလျှော့ချ ရေး လုပ်ငန်းများအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ ကူညီ ထောက်ပံ့မှုများ ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာ များကို ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့ရှိ Kempinski Hotel Beijing Yansha Center ၌ ကျင်းပသည့် အာဆီယံ − တရုတ် စိုက်ပျိုးရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်း အမှတ်နှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
တွေ့ဆုံနှုတ်ဆက်
အခမ်းအနားတက်ရောက်စဉ် အာဆီယံ − တရုတ် စိုက်ပျိုးရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်း အမှတ်နှစ် ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်လာကြသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တွေ့ဆုံ နှုတ်ဆက်ခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီး၏ ထင်ရှားသည့် အမှတ်အသားများကို သဲပန်းချီ ဖြင့် ရေးဆွဲသရုပ်ဖော်ခြင်းတို့ကိုဆောင်ရွက်ကြပြီး ဒုတိယဝန်ကြီး H.E. Mr. Ma Youxiang နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံ အထွေထွေအတွင်း ရေးမှူးချုပ်ရုံး ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်တို့က မိန့်ခွန်း များ ပြောကြားကြသည်။
မိန့်ခွန်းပြောကြား
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က မိန့်ခွန်းပြောကြား ရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော် အစိုးရသည် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေ ရိက္ခာပြည့်စုံဖူလုံရေးကို အမျိုး သားရေး ရည်မှန်းချက်အဖြစ် ချမှတ်ထားပါကြောင်း၊ မြန်မာ နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ် ပြီး ရာသီဥတု အခြေအနေ ကောင်းမွန်ခြင်း၊ မြေဆီဩဇာ ကောင်းမွန်ခြင်း၊ ရေသယံဇာတ ကြွယ်ဝခြင်းတို့ကြောင့် သီးနှံမျိုးစုံ ကို စိုက်ပျိုး ထုတ်လုပ်နိုင်ပါ ကြောင်း၊ “စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို အခြေခံသည့် ကုန်ထုတ် လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပြီး အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် ရေး” သည် မြန်မာနိုင်ငံတော် အစိုးရ၏ စီးပွားရေး ဦးတည်ချက် များအနက် တစ်ခုဖြစ်ပါကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စားရေရိက္ခာဖူလုံစေရေးအတွက် ၂၀၂၂ - ၂၀၂၃ ခုနှစ်အတွင်း လယ်ယာ ထွက်ကုန်များကို ယခင်နှစ်များ ထက် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခဲ့ပါ ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်များ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ အကြား ကုန်သွယ်မှုတန်ဖိုးသည် အမေ ရိကန် ဒေါ်လာ (၂) ဘီလီယံ ကျော် ရှိပါကြောင်း၊ မြန်မာနိုင်ငံလယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆိုင်ရာ ထောက်ပံ့ကူညီမှု များကို မြန်မာ - တရုတ် နှစ်နိုင်ငံ လယ်ယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၊ ပိုးလမ်းမစီမံကိန်း စသည့်ပူးပေါင်း ဆောင်ရွက်မှု အသီးသီးမှတစ်ဆင့် ရရှိခဲ့သည့်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရအား အထူး ကျေးဇူးတင်ရှိပါကြောင်း ပြော ကြားသည်။
ယင်းနောက် အစီအစဉ်အရ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှ လူငယ်လေးများက ကဗျာရွတ်ဆို ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှ ဧည့်သည်တော်များက အာဆီယံ− တရုတ် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံမှုရှိစေရေး အထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်းအနားကို တရားဝင် ဖွင့်လှစ်ကြောင်း ကြေညာပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်