
ရန်ကုန် မေ ၂၉
ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ (နိုင်ငံအဆင့်) (10th ASEAN Quiz - National Level) ပြိုင်ပွဲသို့ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၃၃ ဦးသည် ယနေ့တွင် တည်းခိုနေထိုင်ကြမည့် ရန်ကုန် မြို့ရှိ ပညာရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ ပြိုင်ပွဲကျင်းပရေး စီမံခန့်ခွဲမှုကော်မတီမှ တာဝန် ရှိသူများက ကြိုဆိုနေရာချထား ခြင်းများ စီစဉ်ဆောင်ရွက်ကြသည်။
အဆိုပါ ကျောင်းသား ကျောင်းသူများသည် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနက စီစဉ်ကျင်းပသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ များမှတစ်ဆင့် ရွေးချယ်ထားသည့် အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ဖြစ်ကြပြီး မေ ၃၀ ရက် (တနင်္လာ နေ့) နံနက်ပိုင်းတွင် ရေးဖြေ စစ်ဆေးခြင်း၊ မွန်းလွဲပိုင်းတွင် အကဲဖြတ်ဒိုင် အဖွဲ့ဝင်များဖြင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ် ကာ ပြိုင်ပွဲဝင် ၁၀ ဦးကို ရွေးချယ်၍ မေ ၃၀ ရက် ညနေပိုင်းတွင် အောင်စာရင်း ထုတ်ပြန်သွားမည် ဖြစ်သည်။
ယင်းပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၀ ဦးသည် ဇွန် ၁ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio – A ခန်းမတွင် ရုပ်မြင် သံကြား ရိုက်ကူးရေးအစီအစဉ်ဖြင့် ကျင်းပပြုလုပ်မည့် 10th ASEAN Quiz - National Level ပြိုင်ပွဲသို့ ဆက်လက်ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ငါးဦးကို ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ က အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပမည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိ-ဒေသတွင်းအဆင့် (10th ASEAN Quiz - National Level) ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်