အာဆီယံ မီဒီယာမိတ်ဖက်များဖိုရမ်သို့ မြန်မာကိုယ်စားလှယ် အွန်လိုင်းဖြင့် ပါဝင်တက်ရောက်

 

နေပြည်တော်   စက်တင်ဘာ  ၁၅


၂၀၂၂   ခုနှစ် အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ် (2022 ASEAN Media  Partners  Forum) ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ နန်နင်းမြို့ Wuxiang Resort ၌ ကျင်းပသည်။ 

 


အဆိုပါဖိုရမ်ကို “အသိအမြင် တိုးပွားရေး၊ ပူးပေါင်းဆောင်ရွက် ရေး၊     စည်းလုံးညီညွတ်ရေး” (Intelligence, Collaboration, Cohesion) ဆောင်ပုဒ်ဖြင့် တရုတ် နှင့် အာဆီယံနိုင်ငံများရှိ မီဒီယာ များ    တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မှုကို နက်ရှိုင်းစေရန်၊ အဖွဲ့ဝင် နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရန်၊ ပံ့ပိုးကူညီမှုများ ကို တိုးမြှင့်ရန်နှင့် ပိုမိုနီးကပ်သော တရုတ်- အာဆီယံ အသိုက်အဝန်း ကို တည်ဆောက်နိုင်ရန် ရည်ရွယ် ချက်များဖြင့်   တရုတ်နိုင်ငံ   CPC သတင်းပြန်ကြားရေး  ကော်မတီ နှင့် CMG Guangxi ဌာနချုပ်တို့ ပူးပေါင်းစီစဉ်ပြီး    တရုတ်နိုင်ငံ ကွမ်ရှီကျွမ့်      ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ     ပြည်သူအစိုးရနှင့် တရုတ်မီဒီယာအဖွဲ့    CMG  မှ အိမ်ရှင်အဖြစ်    လက်ခံကျင်းပ ခြင်းဖြစ်သည်။ 

 


ယင်းဖိုရမ်သို့   တရုတ်နိုင်ငံမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ မီဒီယာဆိုင်ရာ အကြီး အကဲများ၊ အာဆီယံ - တရုတ် စင်တာ  အထွေထွေအတွင်းရေး မှူးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်(လျာထား)၊ အာရှ-ပစိဖိတ် ရုပ်သံထုတ်လွှင့်ရေးအဖွဲ့ (ABU)၊ အထွေထွေအတွင်းရေးမှူးချုပ်တို့အပြင် မီဒီယာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ    တက် ရောက်ကြပြီး မြန်မာနိုင်ငံ အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ (SCI- Myanmar) ဥက္ကဋ္ဌ၊ ပြန်ကြားရေး ဝန်ကြီးဌာန      မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်   ဦးရဲနိုင်က  အွန်လိုင်းဖြင့် ပါဝင်တက်ရောက်သည်။

 


ဖိုရမ်တွင် CMG နှင့် အာဆီယံ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍသစ်စတင်ခြင်း၊ ပြည်ပနှင့် အွန်လိုင်းဆက်သွယ်ရေး မြှင့်တင် ခြင်းအစီအစဉ်၊ CMG နှင့် ကွမ်ရှီ ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့ မဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေး   သဘောတူညီ ချက်     လက်မှတ်ရေးထိုးခြင်း အစီအစဉ်တို့ကို ထည့်သွင်းကျင်းပ သည်။ 

 


မြန်မာနိုင်ငံအနေဖြင့် အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများတွင် တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှုတာဝန်ခံဆောင်ရွက်နေသည့် (Country Coordinator)အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်သည့် “၂၀၂၂   ခုနှစ်  အာဆီယံမီဒီယာ မိတ်ဖက်များဖိုရမ်”သို့     ပါဝင် တက်ရောက်ခြင်းဖြင့်    ပူးပေါင်း ဆောင်ရွက်မှုများ    ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်